DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် 7July အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားကျင်းပ
DVB
·
July 8, 2018
မကွေးမြို့တွင် 7July အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားကျင်းပ
1 / 5
Donate to DVB

မကွေးတိုင်းဒေသကြီး မကွေးမြို့ တောင်တွင်းကြီးလမ်းရှိ ကမ္ဘာအေးဝိပဿနာရိပ်သာမှာ ဇူလိုင် ၇ ရက်နေ့က မကွေးနည်းပညာတက္ကသိုလ်နဲ့ အခြေခံကျန်းမာရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ပူးပေါင်းပြီး 7July အရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

"7July နေ့ဆိုတာက မြန်မာ့သမိုင်းမှာကော၊ မြန်မာနိုင်ငံရေးသမိုင်းမှာကော၊ မြန်မာ့ကျောင်းသား သမိုင်းမှာပါ အထင်ကရနေ့တနေ့ဖြစ်တယ်။ တက္ကသိုလ်မှာ စာသင်သံတွေ၊ ကန့်ကော်ပန်းတွေ လွှမ်းနေတဲ့အချိန်မှာ ဘာလက်နက်မှမရှိတဲ့ ကျောင်းသားတွေကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ နေ့တနေ့ဖြစ်တဲ့အပြင် ကျနော်တို့ ကျောင်းသား သမဂ္ဂအဆောက်ဦကြီးကိုပါ ဖြိုချ ဖျက်ဆီးခံခဲ့ရတယ်။ လက်ရှိ နိုင်ငံကလည်း အသွင်ကူးပြောင်းရေး ကာလဖြစ်တဲ့အတွက် တရားမျှတမှုရှိဖို့ လိုတယ်လို့ ခံယူတယ်။ ဖြစ်စဉ်တွေကို လုပ်ခဲ့တဲ့သူတွေကို အပြစ်ပေးပါ၊ အရေးယူပါဆိုတာမျိုး မဟုတ်ဘဲနဲ့ ဒါသည် သမိုင်းဖြစ်တယ်၊ သမိုင်းကိုတော့ အတိအလင်းဖော်ပြဖို့ လက်ခံကြဖို့လိုတယ်။ နောင်မျိုးဆက်တွေကိုလည်း ဒီသမိုင်းတွေကို လက်ဆင့်ကမ်း သိဖို့လိုအပ်ပြီး တနည်းအားဖြင့် သွေးသစ်လောင်းတဲ့အနေနဲ့ ကျင်းပရတာဖြစ်တယ်လို့" မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုချစ်ဝင်းမောင်က ဒီဗွီဘီကိုပြောပါတယ်။

ကျောင်းသားသမဂ္ဂ အဖွဲ့တွေကို ၂ဝ၁၂ ခုနှစ်က ပြန်လည်ဖွဲ့စည်းခွင့်ရခဲ့ပြီး 7July နေ့အခမ်းအနားကို ၂ဝ၁၈ ခုနှစ်ထိ နှစ်စဉ်မပျက်ကျင်းပခဲ့ပါတယ်။

“ဒီနေ့ဟာ တနိုင်ငံလုံး အနေနဲ့ သမိုင်းဆိုင်ရာနေ့တနေ့ဖြစ်တဲ့အတွက် အစိုးရပိုင်း အနေနဲ့ကော ပြည်သူတွေအနေနဲ့ကော ဒီထက်မက ဂရုတစိုက် အရေးတယူ လုပ်ဆောင်ကြတာမျိုးတွေ ကျနော်တို့ အများကြီးမျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည်သူ ၃ဝ လောက် တက်ရောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ပခုက္ကူ နည်းပညာတက္ကသိုလ် အပါအဝင် မြန်မာနိုင်ငံရှိ တက္ကသိုလ် တော်တော်များများမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ကျောင်းသားထုအပေါ် ရက်စက်စွာ ပစ်ခတ်ချေမှုန်းခဲ့ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦကိုပါ ဒိုင်းနမိုက်နဲ့ဖောက်ခွဲ ဖြိုဖျက်ခဲ့ပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013