DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မိုးကြီးနိုင်
DVB
·
July 8, 2018
လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မိုးကြီးနိုင်
Donate to DVB

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် (ဝ၆:၃ဝ) နာရီအချိန် တိုင်းထွာချက်တွေအရ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးမှာ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ကျား၊ နေပြည်တော်မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ ချင်းပြည်နယ်တို့မှာ နေရာ စိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ရေပြင်/ မြေပြင်လေဟာ တစ်နာရီလျှင် မိုင် ၃ဝ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၇ ပေကနေ ၁ဝ ပေလောက်ထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လာမယ့်  ၂ ရက်အတွင်းမှာလည်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုမို ရွာသွန်းမယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013