DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့နယ်ခွဲအတွင်း ၆ လအထိ ညမထွက်ရ အမိန့်ထုတ်
DVB
·
July 7, 2018
အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့နယ်ခွဲအတွင်း ၆ လအထိ ညမထွက်ရ အမိန့်ထုတ်
Donate to DVB

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် အိန္ဒိယဘက်ခြမ်း မိုးရေးမြို့နယ်မြေခွဲအတွင်း ဒီနေ့ကစပြီး ခြောက်လအတွင်းထိ ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ကို မဏိပူရအစိုးရ မိုရေးတွဲဖက်ခရိုင်တရားသူကြီးရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်ကို ဇူလိုင် ၄ ရက်က အာသံတပ်ဖွဲ့ ၁၂ မှ ဗိုလ်မှူး Madhusudan Sharmaထံ ညမထွက်ရအမိန့် ချမှတ်နိုင်ဖို့ အခုလိုတောင်းဆိုခဲ့ပြီးနောက် မဏိပူရအစိုးရ မိုရေးတွဲဖက် ခရိုင်တရားသူကြီးရုံးက အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ပတ်လည် မိုရေးနယ်မြေခွဲအတွင်း ညမထွက်ရ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို အမိန့်ထုတ်ပြန်တာ အိန္ဒိယဘက်​က ကုန်​သည်​​တွေ လာဖို့ခက်ခဲပြီး တမူးကုန်​သည်​​တွေလည်း အဆင်​မ​ပြေမှု​တွေ ရှိနိုင်​တယ်​လို့ ကို​အောင်​မျိုးဦးက ပြောပါတယ်။

အဲဒီကြေညာချက်မှာ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ပတ်လည် နယ်စပ်ကနေ ၃ ကီလိုမီတာ အကွာအဝေးအတွင်း လူ ၅ ဦးထက်ပိုမိုစုဝေးခြင်း၊ တားမြစ်ထားတဲ့ လက်နက်တွေ ကိုင်ဆောင်ခြင်း၊ တုတ်၊ လှံ၊ ဓာတုပစ္စည်းနဲ့ သေစေနိုင်တဲ့ လက်နက်ကရိယာများ ကိုင်ဆောင်ခြင်တို့ကို တားမြစ်ထားပြီး ည ၇ နာရီကနေ မနက် ၄ နာရီအတွင်း ၆ လ ကြာ ညမထွန်မထွက်ရလို့ ဖော်ပြပါရှိပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ အိန္ဒိယအစိုးရနဲ့ မြန်​မာနိုင်​ငံက ​မြေတိုင်းအဖွဲ့တို့ပူ​ပေါင်းပြီး အရင်​လက စိုက်ထူခဲ့တဲ့ နယ်​စပ်​မှတ်​တိုင်​ ၈၁ ဟာ မဏိပူရ ကသည်းလူမျိုးတွေရဲ့ ဘိုးဘွားပိုင် ​နယ်​​မြေအတွင်းကို ၃ မိုင်လောက် ကျူးကျော်​​နေတယ်​လို့ မဏိပူရပြည်​နယ်​မှ ကသည်းလူမျိုးတွေက ​ပြောဆိုပြီး ကန့်ကွက်မှုတွေ ရှိနေပါတယ်။

သတင်း-​ဂေါင်​​ဂေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013