DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 7, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆ဝ ဝင် တအိတ်ကို ၄၂၇ဝဝ  ပေါက်ဈေးရှိပြီး တအိတ်ကို ငွေကျပ် ၈ဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း  တအိတ်ကို ၃၆ဝဝဝ ကနေ ၄၅ ဝဝဝ ပေါက်ဈေးရှိပြီး အနိမ့်ဆုံးဈေး ၄ဝဝဝ ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂၃ဝဝ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ အဟောင်းက တအိတ်ကို ၄၇၁ဝဝ   ပေါက်ဈေးရှိပြီး တအိတ်ကို ၂၅ဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးပွဲစားကုန် သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၄ဝဝဝ ကနေ ၄၄၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂၆ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ကုလားပဲ လုံး V2

မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာ ကုလားပဲလုံး V2 က ၅၇ ဒသမ ၂၅ ပိဿာ ဝင် တအိတ်ကို ၆၁ဝဝဝ ကနေ ၆၁၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၉၇ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၈ဝဝ ဈေးကွာခြားမှုရှိပါတယ်။

မြေပဲ (လုံးဆံနီ)

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မြေပဲ (လုံးဆံနီ)က တပိဿာကို ၂ဝဝဝ ကနေ ၂၈ဝဝ ပေါက်ဈေးရှိပြီး တပိဿာကို ၅ဝ ကျပ်ဈေးတက်လာပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၂၆၅ဝ ကနေ ၂၇ဝဝ ပေါက်ဈေးရှိပြီး တပိဿာကို ၅ဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တပိဿာကို ၁ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာ ဝင် တအိတ်ကို ၁၂၆ဝဝဝ ကနေ ၁၃ဝဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၅ဝဝဝ ကျပ်ဈေးတက်ာလပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၂၇၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၄၅ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေး နဲ့မုံရွာကုန်စည်ဒိုင် တအိတ်ကို ၂၅ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းဖြူ

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက တအိတ်ကို ၁၃ဝဝဝဝ ကနေ ၁၅ဝဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၃၆၅ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၅ဝဝကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် တအိတ်ကို ၁၃၅ဝဝ ဈေးကွာခြားမှုရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013