DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ထဲ ရှေ့နေများ၏အခန်းကဏ္ဍ ပါဝင်လာရန် အရေးကြီးဟုဆို
DVB
·
July 7, 2018
လွှတ်တော်ထဲ ရှေ့နေများ၏အခန်းကဏ္ဍ ပါဝင်လာရန် အရေးကြီးဟုဆို
Donate to DVB

လွှတ်​​တော်​​တွေမှာ ​ရှေ့​နေ​တွေရဲ့ အခန်း​ကဏ္ဍပါဝင်​လာဖို့ အ​ရေးကြီးတယ်​လို့ တရားလွှတ်​​တော်​​ရှေ့​နေ​ ဒေါ်သီတာ​အောင်​က​ ပြောဆိုလိုက်​ပါတယ်​။

မန္တ​လေးချမ်း​အေးသာစံမြို့နယ်​​ရွှေအင်​ကြင်းဟိုတယ်မှာ တရားလွှတ်​​တော်​ရှေ​နေ. အထက်​တန် ​ရှေ့​နေ အလုပ်​သင်​​ရှေ့နေ ၂၉ ဦးကို ဟန်​ချက် ညီစွာကျင့်​ထုံးခြင်းဥပ​ဒေပညာ- လူအဖွဲ့အစည်း အတွင်း​ရှေ့​နေများ၏ အခန်းကဏ္ဍ- ပြည်​သူအကျိုး​ဆောင်​​ရှေ့​နေများအတွက်​ အခွင့်အလမ်းရရှိရေး ​​ဆွေး​နွေးပွဲကျင်းပခဲ့ပါတယ်​။

“အခုလို​ ရှေ့​နေ​တွေကို​ ခေါ်ယူ​ဆွေး​နွေးခဲ့ရတာက ​ဥပ​ဒေကို တတ်​သိနားလည်​တဲ့ ​ရှေ့​နေ​တွေဟာ ဘယ်​လို​နေရာ ဘယ်​လိုအခန်းကဏ္ဍ​တွေမှာပါ ဝင်​သင့်​တဲ့သူ​တွေဆိုတာမျိုး ပြည်​သူ​တွေသိ​စေချင်​တယ်၊​ ပြည်​သူ​တွေနဲ့လည်း ထိ​တွေ့ပြီး​ ဥပ​ဒေ နဲ့သက်​ဆိုင်​တာ​တွေကိုသိ​အောင် ​ရှင်းပြဖို့ ကြိုးစား စီစဉ်​ထားတယ်” ​လို့. စီစဉ်​သူ အထက်​တန်း​ရှေ့​နေ ​ဒေါ်ခင်​မြတ်​နိုးက​ပြောပါတယ်

“လွှတ်​​တော်​ထဲမှာဆိုင်​ရင်​​ ရှေ့​နေ​တွေရဲ့ အခန်းကဏ္ဍ ရှိကိုမရှိဘူး၊ အမတ်​​တွေကလည်း ​ရှေ့​နေ​တွေ ​ရေးဆွဲ​ပေးတဲ့ ဥပ​ဒေကိုပဲ တင်​ရတယ်။ အကယ်​၍ လွှတ်​​တော်​​ထဲ မှာ​ aရှ့​နေ​တွေပါလာမယ်​ဆိုရင်​ ပို​ကောင်းလာမယ်။ အဲလို့ ​ရှေ့​နေ​တွေ လွှတ်​​တော်​ထဲပါလာဖို့ဆိုရင်​ ကိုယ်​ကိုယ်တိုင်​ အ​ရွေးခံရမလား၊ လွှ​တော်​ထဲမှာ ဥပ​ဒေအ​ထောက်​အကူပြု အဖွဲ့အစည်း ပါလာလို့ရှိရင်​ ​အောက်​​ခြေပြည်​သူ​တွေရဲ့ အားနည်းချက်​အားသာချက်​​တွေ ပြီးပြည့်စုံ​မယ်​။ အခုတော့ အမတ်​​တွေက​ ရှေ့​နေ​တွေ​ ရေးဆွဲ​ပေးထားတဲ့ ဥပ​ဒေ​တွေတင်​ပြပြီး​တော့ လွှ​တော်​ကအတည်​ပြုတယ်​။ အဲဒါ​ကြောင့် လွှတ်​​တော်​ထဲမှာ​ရှေ့​နေတွေရဲ့ အခန်းကဏ္ဍပါဝင်​လာဖို့ အ​ရေးကြီးတယ်​” လို့ ​ဒေါ်သီတာ​အောင်​က ​ပြောပါတယ်​/

Legal knowledge Sharing Group-LKSG နဲ့ သာသည့်​မြေ ​ဖောင်​​ဒေးရှင်းတို့ ပူး​ပေါင်းစီစဉ်​​သော Mandalay Junior Lawyer Workshop ကို ဒီနေ့မနက်ပိုင်းက ​ရွှေအင်​ကြင်းဟိုတယ်​မှာ​ ကျင်းပခဲ့ပြီး တရားလွှတ်​​တော်​​ရှေ့​နေ၊ အထက်​တန်း​ရှေ့​နေ၊ အလုပ်​သင်​​ရှေ့​နေ ၂၉ ဦး ပါဝင်​တက်​​ရောက်​ခဲ့ကြပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013