DVB Logo
Home
မြန်မာသတင်း
ရေနံမနယ်မြေတွင် အထောက်ထားမဲ့ ဘင်္ဂါလီ ၁ဝ ဦး ဖမ်းမိ
DVB
·
July 7, 2018
ရေနံမနယ်မြေတွင် အထောက်ထားမဲ့ ဘင်္ဂါလီ ၁ဝ ဦး ဖမ်းမိ
Donate to DVB

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းအပိုင် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၂၃၆/၂ အနီး တောစပ်မှာ ဇူလိုင် ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုး ၁ဝ ဦး ဖမ်ဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရေနံမ နယ်မြေရဲစခန်း အပိုင်နယ်မြေအတွင်းမှာ အထောက်ထားမဲ့ ဘင်္ဂလီလူးမျိုးတွေ ရောက်နေတယ်လို့ သတင်းရတဲ့အတွက် မနက် ၉ နာရီလောက်ကတည်းက ရဲတပ်ဖွဲ့ဝင်တွေ နဲ့ပူးပေါင်းအဖွဲ့ဟာ လှည့်ကင်းဆောင်ရွက်ပြီး စစ်ဆေးမှုလုပ်ခဲ့တယ်၊ ပုသိမ်-မုံရွာကားလမ်း အနီးတောစပ်တနေရာမှာ အထောက်ထားမဲ့ ဘင်္ဂါလီလူမျိုး ၁ဝ ဦးတွေ့ရှိပြီး ဖမ်းဆီးအရေးယူ ခဲ့တာလို့ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းက ဒီဗွီဘီကိုပြောပါတယ်။

စစ်ဆေးမေးမြန်းရာမှာ ပြီးခဲ့တဲ့ ရက် ၂ဝ လောက်ကတည်းက ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ကနေ ရန်ကုန်ကို အလုပ်လုပ်ဖို့ တောလမ်းအတိုင်း ခြေလျင် လာရောက်တာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်တယ်လို့ ဆိုပါတယ်။

အဆိုပါ အထောက်ထားမဲ့ ဘင်္ဂါလီ ၁ဝ ဦးကို မင်းလှမြို့နယ် လဝက မှာ မှတ်ပုံတင် ဥပဒေနဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013