DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ ဆိပ်ငယ်ဈေးတွင် မကြာခဏဖောက်ထွင်းခံနေရ
DVB
·
July 7, 2018
မြိတ်မြို့ ဆိပ်ငယ်ဈေးတွင် မကြာခဏဖောက်ထွင်းခံနေရ
Donate to DVB

မြိတ်မြို့ရဲ့ အဓိကအချက်အချာကျတဲ့ ဆိပ်ငယ်ဈေးကြီးမှာ မကြာခဏ ဖောက်ထွင်းခံနေတယ်လို့ ဈေးသူ/သားတွေက ပြောပါတယ်။

မြိတ်မြို့နယ်၊ စည်ပင်သယာရေးအဖွဲ့အပိုင် ဆိပ်ငယ်ဈေးကြီးက မြို့လယ်ခေါင်မှာရှိတဲ့ အပြင်အဓိက စီးပွားရေးနေရာတခုဖြစ်ပေမယ့် ဖောက်ထွင်းခိုးယူသူများမှာ ဈေးအတွင်း ဝင်ရောက်ကာ ခိုးယူမှုတွေ လုပ်ဆောင်နေနိုင်တယ်လို့ သိရပါတယ်။

"ကျမဆိုင် မနေ့က ဖောက်ခံရတယ်၊ ငွေ ၂ သိန်းကျော် ပစ္စည်းတွေ ပါသွားတယ်။ ကျန်တဲ့ဆုံးရှုံးမှု တွေရှိသေးတယ်မမှတ်မိဘူး ဈေးတာဝန်ရှိသူတွေကို သွားပြောပေမယ့် ဘာမှမလုပ်ပေနိုင်ဘူး။ ကျမနှစ်ကြိမ် သွားပြောပြီးပါပြီ၊ လာမကြည့်ကြဘူး။ ဒီတော့ လုံခြုံမှုမရှိတဲ့နေရာမှာ ဈေးရောင်းဖို့မဖြစ်နိုင်တော့ဘူး။ မြို့လယ်ခေါင်ကြီးမှာ အကြိမ်ကြိမ်ဖောက်ထွင်းခံနေရတယ်။ ဒါပေမယ့် အခုထိ မမိသေးသလို ဘာမှလည်း အရေးတယူ ဆောင်ရွက်ပေးနေတာ မရှိကြဘူး။ မြို့ပြင်မှာရှိတဲ့ တိုးချဲ့ဈေး၊ မြို့သစ်တွေတောင် မဖောက်ထွင်းခံရဘူး။ ဒီမှာက မြို့လယ်ခေါင်မှာဖြစ်ပြီး ဖောက်ထွင်းခံနေရတယ်။ လာလည်း မဆောင်ရွက်ပေးဘူး။ ကျမတို့ ဈေးခုံခ၊ မီးကင်းစောင့်ခ၊ သန့်ရှင်းရေးခ အကုန်ပေးထား တယ်။ ဒါပေမယ့် လူထုကို သူတို့ မကာကွယ်ပေးနိုင်ဘူး"လို့ အထည်ဆိုင်ဖောက်ထွင်းခံရတဲ့ ဒေါ်သီက ပြောပါတယ်။

“ကျနော် ဒီဈေးထဲမှာ ဈေးရောင်းလာတာ ၁၅ နှစ်ရှိပြီ။ ၄ ကြိမ်ဖောက်ထွင်းခံရတယ်၊ ၃ ကြိမ်က ကျနော့်ဆိုင်ပါသွားတယ်။ ဈေးကတာဝန်ရှိသူတွေက ဘယ်လိုလုပ်ပြီး လုံခြုံ ရေးချထားသလဲ ကျနော်မသိဘူး။ အပြင်မှာတော့ လုံခြုံ ရေးတွေ ချထားတယ်၊ အတွင်းမှာတော့ ဖောက်ထွင်းခံနေရတယ်” လို့ ဖျော်ရည်ရောင်းချသူ ဦးအောင်ဇော်ထွန်းက ဆိုပါတယ်။

စည်ပင်သာယာမှ တာဝန်ရှိသူတဦးက အထက်အရာရှိတွေကို ဈေးသူ/သားတွေက တင်ပြထားပြီး ဖြစ်တဲ့အတွက် ဆက်လက်ဆောင်ရွက်မယ်လို့ပြောပါတယ်။

စီးပွားရေးအချက်အချာကျပြီး မြို့လယ်ခေါင်မှာရှိတဲ့ အဆိုပါ ဈေးကြီးဖောက်ထွင်းခံနေရမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့မှာ အမှုလာရောက်ဖွင့်လှစ်တာမရှိသလို စည်ပင်တာဝန်ရှိသူတွေကလည်း အရေးတယူဆောင်ရွက်ပေးတာမရှိဘူးလို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013