DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများ မှန်ကန်မှုရှိမရှိ ကြည့်ရှုကြရန် တိုက်တွန်း
DVB
·
July 7, 2018
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများ မှန်ကန်မှုရှိမရှိ ကြည့်ရှုကြရန် တိုက်တွန်း
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲအတွက် လာမယ့် ဇူလိုင် ၉ ရက်နေ့မှာ မဲစာရင်းတွေ ကြေညာထားမှာဖြစ်ပြီး ပြည့်စုံ၊ မှန်ကန်မှု ရှိ၊ မရှိကို လာရောက်ကြည့်ရှုကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်။

ဒါဟာ ပထမအကြိမ်ကြေညာတာဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို အခြေခံ ပြုစုထားတာဖြစ်ပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကို သန်ဘက်ခါ ၉ ရက်ကနေ ဇူလိုင် ၂၂ ရက်ထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေနဲ့ ကျေးရွာအုပ်စုထဲက ရွာတွေမှာ ကပ်ထားမှာ ဖြစ်ပါတယ်။

မဲစာရင်းမှာ အမည်မပါဘူးဆိုရင် ပုံစံ ၃ နဲ့ အမည်ထည့်သွင်းပေးဖို့ တောင်းဆိုတာ၊ မပါဝင် သင့်သူတွေ ပါဝင်နေရင် ပုံစံ ၄ နဲ့ ကန့်ကွက်တာ၊ မဲစာရင်းပါ အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ ၄-ဂ နဲ့ ပြင်ဆင်လွှာတင်သွင်းတာတို့ကို ဆောင်ရွက်စေလိုတယ်လို့လည်း ကော်မရှင်က ဆိုပါတယ်။

ဒါကြောင့် အိမ်ထောင်စုတခုမှာ အနည်းဆုံးတယောက်က လာရောက် ကြည့်ရှုပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါတွေကို ပြင်ဆင် ဖြည့်စွက်ပြီးရင် မဲဆန္ဒရှင်စာရင်းကို လာမယ့် အောက်တိုဘာလထဲမှာ နောက်ဆုံး အကြိမ်အဖြစ် ၁၄ ရက်ကြာ ကပ်ထားမှာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ် လဲချားမြို့နယ်၊ ရန်ကုန်တိုင်းက တာမွေမြို့နယ်၊ မန္တလေးတိုင်းက မြင်းခြံမြို့နယ်၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် မြစ်ကြီးနား၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက် ချင်းပြည်နယ် မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ စစ်ကိုင်းတိုင်း တမူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂၊ ပဲခူးတိုင်း အုတ်တွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂၊ မကွေးတိုင်း မင်းဘူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂၊ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ နဲ့ မန္တလေးတိုင်းတခုလုံးအတွက် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့အတွက် ကျင်းပမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013