DVB Logo
Home
မြန်မာသတင်း
လိုဏ်ဂူထဲပိတ်မိနေသည့် ထိုင်းကလေးငယ်များကို အင်္ဂလန်အသင်းနောက်ခံလူ ဂျွန်စတုန်း အားပေး
DVB
·
July 7, 2018
လိုဏ်ဂူထဲပိတ်မိနေသည့် ထိုင်းကလေးငယ်များကို အင်္ဂလန်အသင်းနောက်ခံလူ ဂျွန်စတုန်း အားပေး
Donate to DVB

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်ထဲက လိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ၁၃ ဦးကို ဘေးကင်းဖို့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်နေတဲ့ အင်္ဂလန် လက်ရွေးစင်အသင်း နောက်တန်းသမား ဂျွန်စတုန်းက အားပေးစကား ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံမှာ ကြာသာပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မန်ချက်စတာ စီတီးအသင်း နောက်တန်းသမား ဂျွန်စတုန်းက  သူနဲ့ လက်ရွေးစင် အသင်းဖော်တွေဟာ ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းလူငယ်တွေအကြောင်း ပြောဖြစ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အင်္ဂလန်အသင်းသားတွေ အားလုံးက သူတို့တွေ ဘေးမသီ ရန်မခဘဲ ဂူအပြင်ကို ရောက်လာစေခြင်တယ်လို့လည်း ပြောပါတယ်။

အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြား လူငယ် ၁၂ ယောက်နဲ့ နည်းပြ ၁ ယောက်တို့ဟာ လိုက်ဂူထဲမှာ ပိတ်မိနေတာ အခုဆိုရင် ၂ ပတ်မြောက် ရှိနေပါပြီ။ ထိုင်း လူငယ်တွေ ဂူထဲမှာ ပိတ်မိနေတဲ့ သတင်းဟာ ကမ္ဘာ့သတင်းတွေမှာ ထိပ်ဆုံးက နေရာယူထားတဲ့ သတင်းလည်း ဖြစ်ပါတယ်။

နောက်တန်းသမား ဂျွန်စတုန်းရဲ့ အင်္ဂလန်ဟာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆွီဒင်နဲ့ ဒီနေ့ည ယှဉ်ပြိုင်ရမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013