DVB Logo
Home
မြန်မာသတင်း
ရော့စ်ဒန်ကလေအပါအဝင် ၉ ဦးကို ချုပ်ရမန်ထပ်ယူ၊ မူးယစ်ပုဒ်မ ၃ ခုဖြင့်စွဲချက်တင်
DVB
·
July 6, 2018
ရော့စ်ဒန်ကလေအပါအဝင် ၉ ဦးကို ချုပ်ရမန်ထပ်ယူ၊ မူးယစ်ပုဒ်မ ၃ ခုဖြင့်စွဲချက်တင်
Donate to DVB

မြန်မာတိုင်းမ် ဂျာနယ် အမှုဆောင်အရာရှိချုပ်ဟောင်း သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေ အပါအဝင် ၉ ဦးကို ဗဟန်းတရားရုံးမှာ ချုပ်ရမန်ရယူကာ အနောက်ပိုင်းခရိုင်တရားရုံးကို ပြောင်းရွှေ့ပြီး မူးယစ်ဆေးဝါးပုဒ်မ ၃ ခုနဲ့ စွဲချက်တင်လိုက်ပါတယ်။

ဒါကြောင့် ဒီအမှုနဲ့ ပတ်သက်လို့ နောင်ရုံးချိန်းတွေမှာ အနောက်ပိုင်းခရိုင်တရားရုံးမှာပဲ ရုံးထုတ်စစ်ဆေးသွားတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက် ညပိုင်းမှာ ရော့စ်ဒန်ကလေ ငှားရမ်းနေထိုင်တဲ့ ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာရပ်ကွက်၊ စမ်းရေတွင်းလမ်းရှိ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ပြီး ဇွန် ၇ ရက် မနက်ပိုင်းမှာတော့ သူအပါအဝင် ကျား ၃ဦး မ ၆ ဦး စုစုပေါင်း  ၉ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဥပဒေ ပုဒ်မ ၁၉(က) ပုဒ်မ ၂ဝ(က) နဲ့ ပုဒ်မ ၂၁ တို့နဲ့ အမှုဖွင့် အရေးယူခဲ့တာပါ။

အဆိုပါဖမ်းဆီးခံရသူတွေနဲ့ အတူ   WY စိတ်ကြွဆေးပြား ၇၉၇ ပြား ICE  ၃ဝ၃ ဂရမ် အပါအဝင် အခြား မူးယစ်ဆေးဝါးတွေကိုလည်း လက်ဝယ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013