DVB Logo
Home
မြန်မာသတင်း
နေတိုးနှင့် ဗီယက်နမ်မင်းသမီးပါဝင်သည့် တိမ်တိုက်တံတားရုပ်ရှင်နမူနာ ကြည့်ရှုသူ ၁ သန်းခွဲ ကျော်ရှိ (နမူနာ)
DVB
·
July 6, 2018
နေတိုးနှင့် ဗီယက်နမ်မင်းသမီးပါဝင်သည့် တိမ်တိုက်တံတားရုပ်ရှင်နမူနာ ကြည့်ရှုသူ ၁ သန်းခွဲ ကျော်ရှိ (နမူနာ)
Donate to DVB

မြန်မာနာမည်ကြီး မင်းသားတဦးဖြစ်တဲ့ နေတိုးနဲ့ ဗီယက်နမ်မင်းသမီး ငုယင်ထရန် ဟူရန်မေတို့ ခေါင်းဆောင်ပါဝင်ထားတဲ့ တိမ်တိုက်တံတားရုပ်ရှင်ကား နမူနာဟာ လတ် တလော အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေပါတယ်။

မိုးနီလွင်က သူကိုယ်တိုင်ဇာတ်လမ်းရေး၊ ဇာတ်ညွှန်းခွဲထားတဲ့ ဒီရုပ်ရှင်ကားကို တော့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော် ထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ ထွန်းထွန်းနဲ့ ခင်ဝင့်ဝါတို့ကလည်း တွဲဖက်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

အချစ်ဒရာမာဇာတ်လမ်းဖြစ်တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာနိုင်ငံ၊ တောင်ပေါ် ဒေသရဲ့ လှပတဲ့ ရှုမျှော်ခင်းတွေ၊ သဘာဝပြကွင်းပြကွက်တွေနဲ့ ရိုက်ကူးထားခဲ့ပြီး လေး ပွင့်ဆိုင်အချစ် ဇာတ်လမ်းကို ဘယ်လိုပုံဖော်ထားမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲက နန်းဆုဦး၊ အောင်ထက်၊ မိုးဈာန်တို့ သီဆိုထားတဲ့ ရုပ်ရှင်ဇာတ် ဝင်သီချင်းတွေဟာလည်း မထွက်ခင်ကတည်းက ပရိသတ်တွေကြားမှာ နာမည်ကြီးနေခဲ့ တာပါ။

လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ဒီရုပ်ရှင်ကား နမူနာဟာ လက်ရှိမှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းခွဲကျော်သွားခဲ့ပြီ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013