DVB Logo
Home
မြန်မာသတင်း
မြေယာဥပဒေနှင့် ပတ်သက်၍ တောင်သူလယ်သမားများသိရှိရန်ပညာပေး
DVB
·
July 6, 2018
မြေယာဥပဒေနှင့် ပတ်သက်၍ တောင်သူလယ်သမားများသိရှိရန်ပညာပေး
Donate to DVB

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း၊ မိုင်းဆတ်​ခရိုင်​အတွင်းရှိ​ တောင်​သူလယ်​သမားတွေကို ​မြေယာဥပ​ဒေနဲ့ ဆက်​စပ်​ဥပ​ဒေတွေ သိရှိအောင်ရည်ရွယ်တဲ့ ဆွေး​နွေးပွဲကို မိုင်းဆတ်​မြို့ မြို့မဘုန်း​တော်​ကြီး​ကျောင်းမှာ ​တောင်​သူလယ်​သမားတွေနဲ့ မြေယာလုပ်​သားများသမဂ္ဂက ဇူလိုင်​ ၆ ရက်နဲ့ ၇ ရက်​​က နှစ်ရက်​ကြာ ကျင်းပပါတယ်​။

သမဂ္ဂအဖွဲ့ဝင်​​ ဒေါ်နန်းငယ်​ငယ်​က “၂ဝဝ၈ အ​ခြေခံဥပ​ဒေအရ နိုင်​ငံသားတွေရဲ့ မူလအခွင့်​အ​ရေးနဲ့ တာဝန်​များ အခန်းကဏ္ဍမှ ပုဒ်​မ-၃၄၇ မှာ နိုင်​ငံ​တော်​သည် ​မည်​သူ့ကိုမဆို ဥပ​ဒေအရာတွင်​ တန်းတူညီမျှအခွင့်​အ​ရေးရရှိ​စေရမည်​။ ထို့ပြင်​ဥပ​ဒေ၏ အကာအကွယ်​ကို လည်း တန်းတူညီမျှစွာ ရယူပိုင်​ခွင့်​​ပေးရမည်​။ ဒါ့အပြင်​ပုဒ်​မ(၃၅၆)အရ နိုင်​ငံသားများ၏ တရားဝင်​ရရှိပိုင်​ဆိုင်​ထား​သော​ ရွှေ့ပြောင်းနိုင်​​သောပစ္စည်း၊ မ​ရွှေ့ပြောင်းနိုင်​​သောပစ္စည်းများနှင့်​ စပ်​လျဉ်း၍ ဥပ​ဒေအရ ကာကွယ်​​ပေးရမည်​လို့ ဆိုထား​တာကို​ တောင်​သူဦးကြီး​တွေ သိ​စေချင်​ပါတယ်​” လို့ ရှင်းလင်း​ပြောပြခဲ့ပါတယ်။

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်းမှာ အရင်​အစိုးရ အဆက်​ဆက်​က​ တောင်​သူတွေ လုပ်​ကိုင်​​ဆောင်​ရွက်​​နေတဲ့​ မြေယာတွေ သိမ်းဆည်းခံရပြီး ဆုံးရှုံးမှု ​တွေရှိ​နေတဲ့​ အတွက် တောင်​သူလယ်​သမား​တွေအ​နေနဲ့ မိမိတို့လုပ်​ကိုင်​​ဆောင်​ရွက်​​နေတဲ့ လယ်​ယာ ​ဥယျာဉ်​ခြံ​မြေတွေနဲ့ ပတ်​သက်​ပြီးလုပ်​ပိုင်​ခွင့်​၊ သီးနှံများထုတ်​လုပ်​​ရောင်းချခွင့်​၊ ​ဈေးကွက်​​ပေါ်ထွန်း လာ​စေ​ရေးအတွက်​ ​တောင်​သူလယ်​သမား အစုအဖွဲ့ငယ်​များ မြို့နယ်​အလိုက်​​ ပေါ်ထွက်​လာ​စေဖို့ ရည်​ရွယ်​ ဆွေး​နွေးခဲ့ကြတာဖြစ်​ပါတယ်​။

“တောင်​သူလယ်​သမား​တွေဘက်​ကလည်း မိမိတို့လုပ်​ကိုင်​​နေတဲ့​ မြေနဲ့ပတ်​သက်​ပြီး ဥပ​ဒေအရ အကာအကွယ်​​တွေကို သိရှိနားလည်းထားကြ​စေဖို့ လက်​ကမ်းစာအုပ်​​တွေ ဖြန့်​​ဝေ​ပေးထားပါတယ်​။ ဥပ​ဒေနဲ့အညီ လုပ်​ကိုင်​​ဆောင်​ရွက်​ကြရမယ့်​အပြင်​ မတရားပြုမူခံရမှု​တွေ ရှိ​နေရင်​လည်း သက်​ဆိုင်​ရာ အဆင့်​ဆင့်​ကို လုပ်​ထုံးလုပ်​နည်းနဲ့အညီ တိုင်​ကြား​စေချင်​တယ်​” လို့​ ဒေါ်နန်းငယ်​ငယ်​က ပြောပါတယ်။

ဒီဆွေး​နွေးပွဲမှာ အပြန်​အလှန်​​ ဆွေး​နွေးမှု​တွေအပြင်​​ တောင်​သူလယ်​သမား အစုအဖွဲ့​တွေကို ကဏ္ဍအလိုက်​ ဖွဲ့စည်းမှု​တွေ​ဆောင်​ရွက်​ခဲ့ပြီး ​တောင်​သူလယ်​သမားတွေရဲ့ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်​လာ​စေဖို့ ရှမ်းပြည်​နယ်​အနှံ့ ​ဆောင်​ရွက်​သွားဖို့ ရှိပါတယ်​။

အောင်​​ဇေယျ(မိုင်းတုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013