DVB Logo
Home
မြန်မာသတင်း
အားပေးထောက်ခံသူများ တောင်းဆိုသဖြင့် ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲဝင်မည်
DVB
·
July 6, 2018
အားပေးထောက်ခံသူများ တောင်းဆိုသဖြင့် ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲဝင်မည်
Donate to DVB

ပါတီကို အားပေးထောက်ခံသူတွေ တောင်းဆိုလို့  လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားလိုက်ပါတယ်။

“ကျနော်တို့ ယူအီးစီ (ရွေးကောက်ပွဲကော်မရှင်)ကို မယုံလို့ မဝင်ဘူးဆိုတဲ့ အနေအထားမှာ ဒေသဆိုင်ရာက အဲဒီကြားဖြတ်ပွဲမှာဝင်ပြီး အရွေးခံမယ့် လစ်လပ်နေတဲ့ မဲဆန္ဒနယ်က ပြည်သူတွေကကျတော့ ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်ကို ရွေးချယ်ချင်ပါတယ်။ ပြည်ခိုင်ဖြိုးကို အားပေးထောက်ခံချင်ပါတယ်။ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ပေါ် ပေါက်စေချင်ပါတယ်ဆိုတဲ့ ဆန္ဒပြုမှုတွေ၊ တောင်းဆိုမှုတွေက ဒေသ ဆိုင်ရာ ပါတီတွေကနေ တဆင့် သိရှိရတဲ့အတွက် ကျနော်တို့က ပြည်သူလူထုကို အလုပ်အကျွေးပြုချင်လို့ ဒီလို ဝင်ရောက်ရခြင်းဖြစ်ပါတယ်။”

ပြည်နယ်တွေမှာ တချို့ ဒေသခံတိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုအရ ကြံ့ခိုင်ရေး ပါတီအနေနဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တရားမျှတခြင်းရှိ၊မရှိကိုလည်း ရွေးကောက်ပွဲဝင်ပြီး စောင့်ကြည့်သွားမယ်လို့လည်း ဆိုပါတယ်။

လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကျင်းပမယ့် နိုဝင်ဘာ ၃ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဝင်ရောက်အရွေးချယ်ခံမယ့် ကိုယ်စားလှယ် လောင်းအမည်စာရင်းကိုတော့ မကြာခင်ရက်ပိုင်းအတွင်း ကြေညာ ပေးသွားမယ်လို့ ပါတီက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေမှာတော့ နိုင်ငံရေးပါတီတခုဟာ ရွေးကောက်ပွဲမှာ အနည်းဆုံး မဲဆန္ဒနယ် ၃ နေရာမှာ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013