DVB Logo
Home
မြန်မာသတင်း
သစ္စာ​စောင့်​သိသည့်​ အတိုက်ခံအဖွဲ့​မျိုး​ အမြင်ဖြင့်​ လုပ်​ဆောင်မည်
DVB
·
July 11, 2012
သစ္စာ​စောင့်​သိသည့်​ အတိုက်ခံအဖွဲ့​မျိုး​ အမြင်ဖြင့်​ လုပ်​ဆောင်မည်
Donate to DVB

ဒီမိုက​ရေစီနည်း​အရ အတိုက်အခံအဖွဲ့​အစည်း​ဆိုတာ ရှိရမှာဖြစ်ပြီး​ နိုင်ငံ​တော်အ​ပေါ်မှာ သစ္စာ​စောင့်​သိတဲ့​ အတိုက်အခံအဖွဲ့​မျိုး​ အမြင်နဲ့​ လုပ်​ဆောင်သွား​မယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။

ဒီ​နေ့​ကျင်း​ပတဲ့​ ပြည်သူ့​လွှတ်​တော် ဆဌမ​နေ့​အစည်း​အ​ဝေး​ ​နေ့​လယ်ပိုင်း​ နား​ချိန်မှာ သတင်း​ထောက်​တွေရဲ့​ ​မေး​မြန်း​ချက်ကို ​ဒေါ်​အောင်ဆန်း​စုကြည်က ​ဖြေကြား​လိုက်တာပါ။

“ဒီမိုက​ရေစီမှာက အတိုက်အခံအဖွဲ့​အစည်း​ဆိုတာ ရှိရမှာပဲ။ အခုအချိန်မှာ အန်တီတို့​ကို အတိုက်အခံအဖွဲ့​အစည်း​လို့​ ​ခေါ်ရင်လည်း​ အန်တီတို့​က မကန့်​ကွက်ပါဘူး​။ အန်တီ​ပြောတာက ရန်လုပ်ဖို့​လာတာမဟုတ်ဘူး​။ ရန်ဖြစ်ဖို့​လာတာ မဟုတ်ဘူး​။ စည်း​စည်း​လုံး​လုံး​နဲ့​ တတ်နိုင်သမျှ နိုင်ငံ့​အကျိုး​အတွက် ​ဆောင်ရွက်ဖို့​လာတာ။ အင်္ဂလိပ်အဆိုမှာ ရှိတယ်မလား​. သစ္စာ​စောင့်​သိတဲ့​ အတိုက်အခံ။ နိုင်ငံ​တော်အ​ပေါ်မှာ သစ္စာ​စောင့်​သိတဲ့​ အတိုက်အခံအဖွဲ့​အစည်း​ဆိုတဲ့​ အမြင်နဲ့​ လုပ်သွား​မှာပါ။ အဓိကက​တော့​ နိုင်ငံ​တော်အ​ပေါ်မှာ သစ္စာ​စောင့်​သိရမယ်။ ဘယ်သူ့​ ဘယ်သူကိုမှ တိုက်ချင်ခိုက်ချင်လို့​ မဟုတ်ဘူး​။ နိုင်ငံ​တော်အကျိုး​ပြုချင်တာ။ အကျိုး​ပြုတဲ့​နေရာမှာ ပူး​ပေါင်း​ဆောင်ရွက်သင့်​ရင်လည်း​ ပူး​ပေါင်း​ဆောင်ရွက်ရမယ်။”

လက်ရှိ ဒုဝန်ကြီး​တွေ ​နေရာအ​ပြောင်း​အ​ရွှေ့​နဲ့​ ပတ်သက်ပြီး​ သတင်း​ထောက်​တွေရဲ့​ အ​မေး​ကိုလည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က အခုလို ​ဖြေကြား​ပါတယ်။

“အဓိက​တော့​ အ​ပြောင်း​အလဲဆိုတာ အ​ကောင်း​ဘက်ကို ဦး​တည်ဖို့​ပဲ အ​ရေး​ကြီး​တာပါ။ ဘယ်သူရယ်လို့​ မဟုတ်ပါဘူး​။ သင့်​တော်တဲ့​လူ ဖြစ်ဖို့​ပဲ။ သင့်​တော်တဲ့​သူဆိုတာက နံပါတ် ၁ အ​နေနဲ့​ ဒီမိုက​ရေစီပြုပြင်​ပြောင်း​လဲ​ရေး​ကို အား​သန်တဲ့​သူ ဖြစ်ရမယ်။ နံပါတ် ၂ က အလုပ်ကျွမ်း​ကျင်တဲ့​သူ ဖြစ်ရမယ်။ အဲဒီ ၂ ခုကို​တော့​ အ​လေး​ထား​ရမယ်။”

ဒါ့​အပြင် ​ဒေါ်​အောင်ဆန်း​စုကြည် လွှတ်​တော်မှာ တင်သွင်း​မယ့်​ ပညာ​ရေး​ကိစ္စနဲ့​ ပတ်သတ်တဲ့​အဆိုကို လွှတ်​တော်ရုံး​ကို တင်ပြထား​ပြီး​ ယခုရက်ပိုင်း​ တင်သွင်း​မှာ မဟုတ်ဘူး​လို့​ သိရပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ အဖွဲ့​ချုပ်က လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ​နေ့​လယ်ပိုင်း​မှာ ​တွေ့​ဆုံပြီး​ လွှတ်​တော်အတွင်း​ အဆိုတင်သွင်း​မယ့်​ ကိစ္စရပ်​တွေကို ​ဆွေး​နွေး​ခဲ့​တယ်လို့​ အဖွဲ့​ချုပ် ပြန်ကြား​ရေး​တာဝန်ခံ ဦး​အုန်း​ကြိုင်က ဒီဗွီဘီကို​ပြောပါတယ်။

ဒီ​နေ့​ပြုလုပ်တဲ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ လွှတ်​တော်ကိုယ်စား​လှယ် ၈ ဦး​ရဲ့​ ​မေး​မြန်း​ထား​တာ​တွေကို သက်ဆိုင်ရာ ဝန်ကြီး​ဌာနက ​ဖြေကြား​ပြီး​ အဆို ၁ ခု ​ဆွေး​နွေး​ခြင်း​၊​ အဆိုအသစ် ၂ ခု တင်သွင်း​ခြင်း​နှင့်​ ဥပ​ဒေကြမ်း​ ၁ ခု အတည်ပြုတယ်လို့​ သိရပါတယ်။

ဒီ​နေ့​ည​နေပိုင်း​ လွှတ်​တော်အစည်း​အ​ဝေး​မှာ အ​ခြေခံပညာ​ရေး​ ဥပ​ဒေကျမ်း​ကို အတည်ပြုဖို့​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ ဒီ​နေ့​ တက်​ရောက်တဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013