DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် သဘာဝဘေးကာကွယ်ရေး စီမံချက် ရေးဆွဲဆောင်ရွက်မည်
DVB
·
July 6, 2018
ရေးမြို့နယ်တွင် သဘာဝဘေးကာကွယ်ရေး စီမံချက် ရေးဆွဲဆောင်ရွက်မည်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရေဘေးအပါအဝင် သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး ဆောင်ရွက်နိုင်ဖို့ စီမံချက် ရေးဆွဲဖို့ ရှိနေပါတယ်။

ဇွန်လ ၅ ရက်မနက်က ရေးမြို့နယ်ထွေ/အုပ်ရုံးခန်းမမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အားလုံးရဲ့ အကြံပြုချက်အရ စီမံချက်ကို အကောင် အထည်ဖော်မယ်လို့ ရေးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးကပြောပါတယ်။

“သဘာဝဘေးကကြိုတင်မသိနိုင်ပါဘူး။ နောက်နောင်ကြုံတွေ့လာရင် စုပေါင်းပြီးတော့ တုံ့ပြန်မှုကောင်းမွန်စွာ ဆောင်ရွက်နိုင်ဖို့ပါ၊ ဘာကြောင့်ဖြစ်ရလဲ၊ ဘယ်လိုလုပ်ကြမလဲဆိုတာ အားလုံးဆွေးနွေးပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမှာပါ”

ရေလွှမ်းမိုးရေးကြီးမှုတွေ အဓိကဖြစ်ပွားတဲ့ ချောင်း ၃ ခုကိုလည်း ပြန်လည်တူးဖော်တာ အပါအဝင် သဘာဝဘေးကယ်ဆယ်ရေး မြို့နယ်အဆင့် ဇာတ်တိုက်လေ့ကျင့်တာတွေကို မကြာခင် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက“ဒီနှစ်ကတော့ ရေးမှာ သဘာဝဘေးနဲ့ပတ်သက်လို့ ဆိုးရွားတဲ့ အနေအထားရှိတယ်။ ဇွန်လအတွင်းမှာ ရေဘေး မတိုင်ခင် လေဘေးလည်းသင့်ခဲ့လို့ ရပ်ကွက်နဲ့ကျေးရွာမှာ ဆုံးရှုံးမှုတွေရှိခဲ့တယ်။ ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေဖြစ်ဖို့ ဌာနဆိုင်ရာအပြင် လူမှုအဖွဲ့အစည်းတွေ ရပ်မိရပ်ဖတွေ ပါဝင်တဲ့ ကော်မတီတစ်ရပ်က ရှိထားသင့်တယ်လို့ မြင်တယ်။ ဒါမှလည်း ဆောင်ရွက်ဖွယ်ရှိတာတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဆောင်ရွက်နိုင်မှာပါ။ ဒီလိုဆောင်ရွက်နိုင်ဖို့လည်း လေ့ကျင့်ပြင်ဆင်မှု ချိတ်ဆက်မှု သတင်းအမြန်ဆုံး ထုတ်ပြန်မှုတွေ လုပ်သင့်ပါတယ်” လို့ မှတ်ချက်ပြုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နဲ့ ၁၈ ရက်တွေက ရေးမြို့နယ်အတွင်း နှစ်ရက်ကြာ ရေကြီးမှုနဲ့ ကြုံတွေ့ခဲ့စဉ်မှာ  ကျေးရွာ ၃ ရွာ ရပ်ကွက် ၅ ခု ရေဘေးသင့်ခဲ့ပါတယ်။

မိန်းကလေးတဦး သေဆုံးခဲ့ပြီး လူ ၁၅ဝဝ ကျော် ရေဘေးသင့်ခဲ့ရကာ အိမ်ခြေ ၄၁ ပျက်ဆုံးရှုံးခဲ့ပါတယ်။

သတင်း- ဓာတ်ပုံ - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013