DVB Logo
Home
မြန်မာသတင်း
အ​ကောက်ခွန်သက်သာရန် ​နော်​ဝေနှင့်​ ​ဆွေး​နွေး​မည်
DVB
·
July 11, 2012
Donate to DVB

နော်​ဝေအစိုး​ရက မြန်မာနိုင်ငံအ​ပေါ် ပြန်လည်ခွင့်​ပြုထား​တဲ့​ တဖက်သတ် အ​ကောက်ခွန်သက်သာခွင့်​ဆိုင်ရာ အစီအစဉ် General System of Preferences (GSP) ကို ခံစား​ခွင့်​ရဖို့​ လာမယ့်​စက်တင်ဘာမှာ ရန်ကုန်မှာ နှစ်ဖက်​ဆွေး​နွေး​နိုင်​ရေး​ ကြိုး​ပမ်း​နေပါတယ်။

ဒီနှစ်ဆန်း​ကတည်း​က အ​ကောက်ခွန်သက်သာခွင့်​ပြန်ခံစား​ဖို့​ ဆုံး​ဖြတ်​ပေမယ့်​ သက်​ရောက်မှု မရှိ​သေး​တာ ဖြစ်ပါတယ်။

ဂျီပီအက်စ်အသက်ဝင်​စေဖို့​အတွက် လာမယ့်​ စက်တင်ဘာလအတွင်း​မှာ ​နော်​ဝေ အ​ကောက်ခွန် ဦး​စီး​ဌာနနဲ့​ ထိုင်း​နိုင်ငံရှိ ​နော်​ဝေသံရုံး​မှ တာဝန်ရှိသူ​တွေ မြန်မာပြည်ကို လာ​ဆွေး​နွေး​နိုင်ဖို့​ ဆက်သွယ် ​ဆောင်ရွက်​နေတယ်လို့​ စီး​ပွား​ရေး​နဲ့​ ကူး​သန်း​ရောင်း​ဝယ်​ရေး​ ဝန်ကြီး​ဌာနက သတင်း​ထုတ်ပြန်ပါတယ်။

ဂျီအက်စ်ပီလို့​ခေါ်တဲ့​ ဖွံ့​ဖြိုး​ပြီး​နိုင်ငံ​တွေက ဖွံ့​ဖြိုး​မှုနည်း​ပါး​တဲ့​နိုင်ငံ​တွေနဲ့​ ဖွဲ့​ဖြိုး​ဆဲနိုင်ငံ​တွေရဲ့​ ပို့​ကုန်​တွေအ​ပေါ် အ​ကောက်ခွန် သက်သာခွင့်​ပေး​တဲ့​ အစီအစဉ်ကို မြန်မာက ခံစား​ခွင့်​ရထား​ပေမယ့်​ မြန်မာနိုင်ငံတွင်း​ လူ့​အခွင့်​အ​ရေး​ အ​ခြေအ​နေ​တွေ​ပေါ် ​ထောက်ရှုပြီး​ ၂၀၀၃ ခုနှစ်မှာ ​နော်​ဝေနိုင်ငံက ရပ်ဆိုင်း​ခဲ့​တာပါ။ အလား​တူ ဥ​ရောပသမဂ္ဂအဖွဲ့​ကြီး​ကလည်း​ ဒဏ်ခတ်ပိတ်ဆို့​မှုနဲ့​အတူ ဂျီအက်စ်ပီပါ ရပ်ဆိုင်း​တာကို ခံခဲ့​ရပါတယ်။

သမ္မတဦး​သိန်း​စိန်လက်ထက် ပြုပြင်​ပြောင်း​လဲမှု​တွေ​ပေါ်မှာ အသိအမှတ်ပြုမှု အဖြစ် ​နော်​ဝေနဲ့​အတူ အီး​ယူအဖွဲ့​ကပါ ဆန်ရှင်​တွေ အထိုက်အ​လျောက် ရုပ်သိမ်း​ ဆိုင်း​ငံ့​ခဲ့​တာ​ကြောင့်​ အ​ကောက်ခွန်သက်သာခွင့်​ ပြန်လည်​ပေး​အပ်ခဲ့​တာဖြစ်ပြီး​ လက်​တွေ့​ လုပ်​ဆောင်ရမယ့်​ လုပ်ထုံး​လုပ်နည်း​တွေ ညှိနှိုင်း​ရဖို့​ ကျန်​နေ​သေး​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013