DVB Logo
Home
မြန်မာသတင်း
ချောက်​လူမှုရေးအသင်းကားများ ​မောင်း​ခွင့်ရရေး​ ဝန်​ကြီးချုပ်​ထံ အသနားခံစာတင်​မည်
DVB
·
July 6, 2018
ချောက်​လူမှုရေးအသင်းကားများ  ​မောင်း​ခွင့်ရရေး​ ဝန်​ကြီးချုပ်​ထံ အသနားခံစာတင်​မည်
Donate to DVB

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်​မြို့နယ်​ လူမှုကူညီ​ရေးအသင်းတွေ ပူ​ပေါင်းပြီး လိုင်စင်မဲ့ အသင်းသုံးကားတွေ ​ဒေသတွင်း​မောင်းနှင်​ခွင့်ရဖို့​ မ​ကွေးတိုင်း​ဝန်​ကြီးချုပ်​ကို အသနားခံစာ တင်​သွားမယ်လို့ ​ချောက်​မြို့ မ​နောဖြူအဖွဲ့အတွင်း​ရေးမှူး ဦးမျိုးဝင်းက ​ပြောပါတယ်။

"လူနာ​တွေက အ​ရေးကြီးတဲ့အတွက်​ မ​ကွေးမှာဘဲ တိုင်း​ဆေးရုံကြီး ရှိတဲ့အတွက်​ မ​ကွေးကို လူနာပို့ရတာ​တွေ များပါတယ်​။ ဒါ​ကြောင့် မြို့နယ်​အတွင်းမဟုတ်​ဘဲ တိုင်းအတွင်း သွားလာခွင့် မ​ကွေးတိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ဆီကို ကျ​နော်​တို့ အသင်း ၃၉ သင်း စု​ပေါင်း လက်​မှတ်​​ရေးထိုး အသနားခံစာ တင်​သွားမှာပါ။”

ချောက်​မြို့နယ်​ ​ဂွေးပင်​ အုပ်​စုကင်​မွန်းခြုံ​ကျေးရွာ၊ ​မေတ္တာစိမ့်စမ်း လူမှုကူညီ​ရေးအသင်းမှ နာယက ကိုထွန်းထွန်းဝင်းက “လိုင်​စင်​မဲ့ကားနဲ့လုပ်​​နေချိန်​မှာ ဒီကား​တွေ ဖမ်းမယ်​ဆို​တော့ လူနာ​တွေကို မကူညီနိုင်​​တော့ပါဘူး။ မကြာ​သေးခင်​က ရွာမှာ ထန်းပင်​​ပေါ်က က​လေးတ​ယောက် ​လိမ့်ကျတယ်၊​ အဲဒီအချိန်​မှာ အကူညီ​တောင်းတယ်၊​ ကျနော်​တို့က​တော့ ဖမ်းမယ်​ဆိုတဲ့ စာ​ရောက်​ထား​တော့ မပို့ရဲပါဘူး။ အဲဒီ​တော့ အပြင်​ကားငှားပြီး မ​ကွေး​ဆေးရုံထိ သွားရတာ ကားခက ခုနှစ်​​သောင်း​လောက်​​ပေးရတယ်​။ အသင်းကားနဲ့ဆိုရင်​ ဆီဖိုး ၂ေ​သောင်း​လောက်​ပဲကုန်​မှာ​လေ၊ အခု​တော့ ​ပိုကုန်​တာ​ပေါ့” လို့ ပြောပါတယ်။

ချောက်​မြို့နယ်အတွင်းက လူမှုကူညီ​ရေးအသင်းတွေဟာ လွှတ်​​တော်​ကိုယ်​စားလှယ်တွေ၊ တာဝန်​ရှိပုဂ္ဂိုလ်​တွေနဲ့  ဇူလိုင် ၅ ရက်နေ့ ​နေ့လယ် ၁ နာရီက အမှတ်​ ၁ဝ မဟာ​အေး​စေတီ​ဘုရား ​ခြေ​တော်​ရင်းရှိ မ​နောဖြူရုံးမှာ ​တွေ့ဆုံ​ဆွေး​နွေးခဲ့ကြပါတယ်။

ပြည်​​သူလွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးဘိုကြီးက  “သက်​ဆိုင်​ရာဝန်​ကြီးနဲ့လည်း ​တွေ့တယ်​၊ ထပ်​လုပ်​​ပေးမယ်​လည်း ​ပြောပါတယ်​။ နာ​ရေးအသင်း​တွေက အဓိက ကား​တွေကအစ နာ​ရေးကိစ္စနဲ့ပတ်​သက်​တာ​ပဲလုပ်​ဖို့ ချပြထားပါတယ်​။ ဥပမာ သစ်​တင်​တာ​တွေမိတယ်​၊ ဘုရားဖူး​တွေ သွားတယ်​၊ အဲဒါ​တွေကို ထိန်း​ပေးမယ်၊​ ပြည်​သူကလည်း ထိန်း​ပေးမယ်​။ ကျနော်​တို့ပြည်​သူ​တွေ လိုအပ်​ချက်​တွေကို လိုင်​စင်​ရ​အောင်​​တော့ တိုင်းအဆင့်လည်း ကြိုးစားမယ်​၊ မရဘူးဆိုရင်​ ပြည်​​ထောင်​စုအဆင့်ထိ ကြိုးစားသွားမယ်​” လို့ ပြောပါတယ်။

တို​င်း​ဒေသကြီး လွှတ်​​တော်​ အမှတ်​ ၂ ဦးစိုးဝင်းက “လိုင်​စင်​မဲ့ကား​တွေနဲ့ ပရဟိတ အသင်း​တွေ အ​ကြောင်းပြပြီး တရားမဲ့ ​ဆောင်​ရွက်​​နေတာ​တွေကလည်း​ အထင်​အရှား ​တွေ့​နေရတာ အဲဒီ​တော့ ဒါ​တွေ ထိန်းကွပ်နိုင်​ဖို့ကလည်း ဒီလိုမူ​ဘောင်​​တွေထွက်​ပြီး ထိန်းမှသာ ရမှာဖြစ်​လို့ ဒီလိုထိန်းတာ တခုခုတော့ ထပ်လာဦးမှာ ဒီ​လောက်​တင်းကြပ်​တာ မဟုတ်​ဘဲနဲ့​တောင်​ (HSE) လိုင်​စင်​​တွေ ချ​ပေး​သေးတာ။ အခုလည်း တနိုင်​ငံလုံး အ​နေအထားနဲ့ အကျပ်​တည်း​တွေ့သွား​အောင်​ လမ်း​ကြောင်း မလွဲ​လောက်​ဘူးထင်​တယ်​” လို့ ​ပြောပါတယ်​။

လိုင်​စင်​မဲ့ယာဉ်​တွေကို ပညာ​ပေး ​တားဆီးစစ်​​ဆေးမှုအ​နေနဲ့ ဇူလိုင် ၅ ရက်နေ့ မနက်က ​ချောက်​မြို့နယ်​ ​ဂွေချိုလမ်းစုံမှာ​ ၅ ကြိမ်​​မြောက်​ ​နောက်​ဆုံးပြုလုပ်​ခဲ့ပြီး လာမယ့် ၁၁ ရက်​​နေ့ကစတင်ကာ ​မောင်​နှင်​မှု​တွေ့ရှိပါက​ အ​ရေးယူ​သွားမယ်လို့ ယာဉ်​စည်းကမ်းထိန်းသိမ်း​ရေး တာဝန်​ခံ ရဲအရာခံ မျိုးမြင့်အောင်​က ​ပြောပါတယ်။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013