DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာကို ဖျက်ပေးရန် သက်ဆိုင်ရာက ညွှန်ကြား
DVB
·
July 5, 2018
မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာကို ဖျက်ပေးရန် သက်ဆိုင်ရာက ညွှန်ကြား
Donate to DVB

မောင်တောမြို့နယ်မှာ ကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ သင်္ဘောကွေ့ကျေးရွာသစ်ကို တပတ်အတွင်း ဖျက်ပေးဖို့ မြို့နယ်သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက်ညွှန်ကြားထားပါ တယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်ကကိုယ်ထူကိုယ်ထ ထူထောင်ထားတဲ့ သင်္ဘောကွေ့ ကျေးရွာသစ်ကို တပတ်အတွင်း ဖယ်ပေးဖို့နဲ့ ကျေးရွာကို ဖျက်ပေးဖို့ မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တချို့က ဇူလိုင် ၃ ရက်နေ့က လာရောက်ပြောဆိုခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

သင်္ဘောကွေ့ကျေးရွာမှာနေထိုင်တဲ့ ဒေါ်နုခိုင်က “ဒီလ ၃ ရက်နေ့က မောင်တော အုပ်ချုပ်ရေးမှူးရယ်၊ နောက်ပြီး ရဲတပ်ဖွဲ့တွေ၊ သက်ဆိုင်ရာလူကြီးတွေ ပါတယ်။ ဝန်ကြီးချုပ် ဦးညီပု၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ညွှန်ကြားတာလို့ပြောပါတယ်။ ဒီရွာကနေ တပတ်အတွင်း ပြောင်းပေးဖို့၊ ဖျက်ပေးဖို့ပြောပါတယ်။ ဒီမှာလုံးဝနေလို့ မရဘူးလို့ပြောတယ်။ နိုင်ငံတကာ ဖိအားကြောင့်လာပြီး ပြောရတာလို့ ပြောတယ်” လို့ ဆိုပါတယ်။

မောင်တောမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူတဦးကတော့ သင်္ဘောကွေ့ကျေးရွာ ဖယ်ရှားခိုင်းတာ ဟုတ်မှန်ကြောင်း ဒီဗွီဘီကို ဒီကနေ့ ညနေပိုင်းက ပြောဆိုပါတယ်။

“ရွာတရွာတည်ဆောက်ရင် အစိုးရခွင့်ပြုချက်ကို ယူရမယ်လေ။ အစိုးရ ခွင့်ပြုချက် မရဘဲ ရွာမှာ တည်ဆောက်ပြီးနေနေလို့၊ အစိုးရကခွင့်ပြုထားတဲ့ တရားဝင်ရွာကို ရွှေခိုင်းတာပါ။ ရွာကို တည်တယ်ဆိုတာ အစိုးရခွင့်ပြုချက်ပါရမယ်။ ရွာတည်ခွင့်ဆိုတာ တဆင့်ပိုင်တဆင့် သွားရပါမယ်” လို့ ပြောပါတယ်။

ဒါပေမယ့် ဒေသခံ ကျေးရွာသားတွေကတော့ သဘောင်္ကွေ့မှာ အနေအထိုင်ကျနေပြီး ဖြစ်တာကြောင့် မပြောင်းချင်တော့ဘူးလို့ ကျေးရွာသားတွေက ပြောဆိုပါတယ်။

ဒါ့အပြင် တပတ်အတွင်း မဖယ်ရှားဘူးဆိုရင် ကျေးရွာသားတွေကို လာရောက်ဖမ်းဆီး သွားမယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောဆိုခဲ့ကြောင့် သင်္ဘောကွေ့ကျေးရွာက ဒေါ်ဥမ္မာကျော်က ပြောပါတယ်။

“တပတ်အတွင်း မဖယ်ဘူးဆိုရရင် လာဖမမ်းမယ်လို့ ပြောတယ်။ ကျမတို့ကတော့ ပြန်ပြောပါတယ်။ ကျမတို့ ရွာသားတွေ တယောက်မှ မဖယ်ပေးနိုင်ဘူး။ ကျမတို့ကို ရဲလည်း လာမဖမ်းနဲ့၊ စစ်သားလည်း လာမဖမ်းနဲ့ ကျမတို့ တရွာလုံးလာပြီး အဖမ်းခံမယ်လို့ ပြောထားပါတယ်။ ကျမတို့ တိုင်းရင်းသားတွေကို အာဏာပိုင်တွေက နှင်ထုတ်၊ မောင်းထုတ်၊ ဖမ်းမယ်ဆိုရင်တော့ ကျမတို့စိတ်မကောင်းဘူး။ ဒီနယ်မြေကို ကျမတို့ ကာကွယ်ရမယ်၊ ကျမတို့ကို သတ်မယ်ဆိုရင်တော့ ဒီမြေမှာပဲ မြှုပ်သွားကြပါ”လို့ပြောပါတယ်။

ဒေသခံ ကျေးရွာသားတွေကတော့ သဘောင်္ကွေ့ကျေးရွာကို မတည်ဆောက်ခင်က တည်းက အစိုးရဆီမှာ ခွင့်ပြုမိတင်ထားတာလို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၆ ခုလောက်က တိုင်းရင်းသားတွေဟာ သင်္ဘောကွေ့ ကျေးရွာသစ်ကို ရွှေ့ပြောင်းလာတည်ထောင်ထားတာဖြစ်ပြီး အဲဒီမှာ အိမ်ထောင်စု ၄၈ စု၊ စုစုပေါင်း လူဦးရေ ၂၀၀ ကျော် နေထိုင်ကြတာပါ။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013