DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 5, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ တန်ကို ငွေကျပ် ၄၅၇,၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထက ၁ တန်ကို ၁၂,၀၀၀ ကျပ် တက်လာပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ၁ တန်ကို ငွေကျပ် ၄၉၀,၀၀၀ ပေါက်ဈေးရှိပြီး ၁ တန်ကို ၁၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁,၃၅၀ ကျပ်ကနေ ၂,၂၅၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပါတယ်။

ကုလားပဲခြမ်း
ကုလားပဲခြမ်းကတော့ ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၄၅၀ ကျပ်ကနေ ၁,၅၀၀ ကျပ် ရှိပါတယ်။

ပဲလွန်းဖြူ
ပဲလွန်းဖြူကတော့ ၁ ပိဿာကို ၂၀ ကျပ် ဈေးတက်လာပြီး ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ၁,၀၅၀ ကျပ်ကနေ ၁,၂၇၀ ကျပ် ရှိပါတယ်။

အာလူး
အာလူးကတော့ ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ၇၆၀ ကျပ် ရှိပြီး ၁ ပိဿာကို ၆၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်နီ
ကြက်သွန်နီကတော့ ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ၅၇၅ ကျပ်ေ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

နှမ်းနက် (စမုံ)
အောင်လံကုန်စည်ဒိုင်မှာတော့ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၁၄၀,၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၈,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲကတော့  ဒီတပတ်မှာ ဈေးအနည်းငယ်တက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်က တပတ်လုံး ဈေးကျဆင်းခဲ့ပေမယ့် လတ်တလောမှာ နယ်ကုန်စည်ဒိုင်တွေမှာ အနည်းငယ် အဝယ်လိုက်လာတဲ့အတွက် ဈေးက အနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ အရည်အသွေးကောင်းရင် ဈေးပိုရနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တတန်ကို ၃၀,၀၀၀ ကျပ် လောက် ဈေးပြန်မြင့်လာပါတယ်။

နောက်သီးနှံကတော့ ပဲစင်းငုံနီ ဖြစ်ပါတယ်။ ပဲစင်းငုံနီကတော့ လက်ရှိမှာ မတ်ပဲနဲ့ နှိုင်းယှဉ်လိုက်ရင် ဈေးပိုရနေပြီး ပြည်တွင်းအဝယ်လိုက်ရင် ဈေးတက်ပြီး အဝယ်နည်းရင် ဈေးက ကျဆင်းပါတယ်။ ပြည်ပ ဝယ်ယူမှုကလည်း နည်းနေတဲ့အတွက် ဈေးက ထင်သလောက် မတက်ဘဲ အနည်းငယ်သာ အပြောင်းအလဲ ရှိနေပါတယ်။

ကြက်သွန်နီကတော့ လက်ရှိမှာ ပြည်ပ ဝယ်ယူမှု နည်းနေတဲ့အတွက် ပြည်တွင်း ဈေးကွက်မှာ ပိုလျှံနေပြီး ဈေးက ကျဆင်းနေပါတယ်။ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယကို တင်ပို့ပေမယ့် တရုတ်ကို အများဆုံး တင်ပို့နေတာဖြစ်ပြီး လက်ရှိ တရုတ် ဝယ်ယူမှုကလည်း နည်းတဲ့အတွက် ဈေးက ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်လိုက်ရင် လက်ရှိပေါက်ဈေးနှုန်းက ထက်ဝက်ကွာဟနေပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013