DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ပုသိမ် လမ်းမတွင် လူသတ် ကားလုခဲ့သူ ၃ ဦးကို စတင်ရုံးထုတ်စစ်ဆေးမည်
DVB
·
July 5, 2018
ရန်ကုန်-ပုသိမ် လမ်းမတွင် လူသတ် ကားလုခဲ့သူ ၃ ဦးကို စတင်ရုံးထုတ်စစ်ဆေးမည်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ထဲက ရန်ကုန်-ပုသိမ်ကားလမ်းမကြီး ဘေးမှာ ပြီးခဲ့တဲ့မတ်လ ၁၈ ရက်က လူသတ်ကားလုပြီး အလောင်းစွန့်ပစ်ခဲ့သူ ၃ ဦးကို ဇူလိုင်၁၃ ရက်က စတင်ပြီး ပုသိမ်ခရိုင်တရားရုံးမှာ စစ်ဆေးသွားဖို့ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ အငှားယာဉ်မောင်းအေးမင်းဦး ကို ချောင်းသာကို ကားငှားသွားခဲ့ပြီး  လမ်းမှာပဲ သတ်ဖြတ်ကားလုကာ အလောင်းစွန့်ပစ်ခဲ့တဲ့ အင်းစိန်မြို့နယ်နေ ထွန်းဇော်မျိုး(၂၃-နှစ်)၊ ရွှေပြည်သာမြို့နယ်နေ တင်မိုးအောင်(၃၈-နှစ်)နဲ့ မရမ်းကုန်းမြို့နယ်နေ ဝင်းကျော်သူ (၃၆-နှစ်)တို့ကို ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းဖော်ထုတ်ရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့သူ ၃ ဦးနဲ့ သက်သေခံပစ္စည်တွေဖြစ်တဲ့ ကားနဲ့ ဖုန်းကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မှုခင်းဖြစ်ပွားခဲ့တဲ့ ကျောင်းကုန်းမြို့မရဲစခန်းကို ပြန်လည် လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး ပုသိမ်ခရိုင်တရားရုံးကို တရားစွဲဆိုတင်ပို့သွားမယ်လို့ ကျောင်းကုန်း မြို့မရဲစခန်းကနေ သိရပါတယ်။

“အမှုက ကျနော်တို့စခန်းမှာ ဖွင့်ထားတာဖြစ်တဲ့အတွက် ကျနော်တို့စခန်းကပဲ လက်ခံ စစ်ဆေးရတာပါ။ ကားလိုချင်လို့သတ်တာပါ ဖုန်း call ကို အခြေခံပြီးလိုက်ရတာပါ။ သေသေချင်းတော့ မရသေးဘူး။ ဝန်ကြီးဌာနတွေ တင်ပြီးအမှုလိုက်ရတာ အခုတော့ သူတို့ကို ဇူလိုင် ၁၃ ရက်နေ့ထိ ရမာန်ယူပြီး စခန်းမှာပဲ ဖမ်းဆီးထားပါတယ်။ နောက်ပိုင်း ပုသိမ်ထောင်ကို ပို့ရမှာပါ”လို့ ကျောင်းကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်အောင်က ပြောပါတယ်။

လူသတ်ကားလုခဲ့သူ ၃ ယောက်ဟာ သေဆုံးသူဆီက လုယူသွားတဲ့ ဖုန်းနဲ့ လူသတ်မှု ဖြစ်ပွားပြီး ၂ ရက်အကြာမှာ တခြားဖုန်းတလုံးကို ခေါ်ဆိုထားတာကို ရဲတပ်ဖွဲ့က တွေ့ရှိရာက တဆင့် ခြေရာခံမိခဲ့ပြီး ဆက်သွယ်ရေးဝန်ကြီးဌာန အကူအညီနဲ့ လူသတ်မှုကျူးလွန်သူ ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး လူသတ်မှု ကျူးလွန်သူတွေဟာ ကားကို ၇ သိန်း ၅ သောင်းကျပ်နဲ့ ရောင်းကာ ခွဲဝေယူခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

လူသတ်ကားလုခဲ့တဲ့ ထွန်းဇော်မျိုး(၂၃)နှစ် တင်မိုးအောင်(၃၈) နှစ် နဲ့ ဝင်းကျော်သူ (၃၆)နှစ် တို့ကို ကျောင်းကုန်းမြို့မရဲစခန်းက (ပ) ၆၈/၂ဝ၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ နဲ့ အမှုဖွင့်ဖမ်းဆီးထားပြီး ပုသိမ်ခရိုင်တရားရုံးကို ဆက်လက် တရားစွဲဆိုတင်ပို့သွားမယ်လို့ သိရပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013