DVB Logo
Home
မြန်မာသတင်း
အစိုး​ရက လူတိုင်း​ ဖုန်း​အသုံး​ပြုနိုင်​ရေး​ စအ​ကောင်အထည်​ဖော်
DVB
·
July 11, 2012
အစိုး​ရက လူတိုင်း​ ဖုန်း​အသုံး​ပြုနိုင်​ရေး​ စအ​ကောင်အထည်​ဖော်
Donate to DVB

့​မန်မာပြည်သူတရပ်လုံး​ ကမ္ဘာ့​စံချိန်စံညွှန်း​အတိုင်း​ ​ဈေး​သက်သာစွာ ဆက်သွယ်​ရေး​ ဝန်​ဆောင်မှု ​ပေး​ဖို့​အတွက် ပြုပြင်​ပြောင်း​လဲ​ရေး​စီမံချက်ကို စတင်​ဆောင်ရွက်​နေပြီလို့​ ဆက်သွယ်​ရေး​စာတိုက်နဲ့​ ​ကြေး​နန်း​ဝန်ကြီး​ဌာန ပြည်​ထောင်စုဝန်ကြီး​ ဦး​သိန်း​ထွန်း​က ​ပြောပါတယ်။

ဇူလိုင် ၁၀ ရက်​နေ့​က ပြည်သူ့​လွှတ်​တော်ခန်း​မမှာ ကိုယ်စား​လှယ်​တွေကို ​ပြောဆိုတာဖြစ်ပါတယ်။ ဒီစီမံချက်ကို လုပ်​ဆောင်ရာမှာ မြန်မာ့​ဆက်သွယ်​ရေး​လုပ်ငန်း​၊​ ရတနာပုံတယ်လီပို့​တို့​နဲ့​ နိုင်ငံတကာ ဆက်သွယ်​ရေး​ ဝန်​ဆောင်မှုလုပ်ငန်း​ အ​တွေ့​အကြုံရှိတဲ့​ ပြည်တွင်း​ပြည်ပ ကုမ္ပဏီ​တွေကို အင်တာ​နေရှင်နယ် တင်ဒါ​ခေါ်ယူပြီး​ ဖက်စပ်ကုမ္ပဏီ​တွေ ဖွဲ့​စည်း​ဖို့​ စီစဉ်​ဆောင်ရွက်​နေတယ်လို့​ ဝန်ကြီး​က ​ပြောပါတယ်။

အင်တာ​နေရှင်နယ် တင်ဒါ​ခေါ်ရာမှာ အပြည်ပြည်ဆိုင်ရာ တင်ဒါ လုပ်ထုံး​လုပ်နည်း​များ​အတိုင်း​ ဖြစ်​စေဖို့​ နိုင်ငံတကာ စံချိန်စံညွှန်း​များ​အတိုင်း​ ဖြစ်​စေဖို့​နဲ့​ ပွင့်​လင်း​မြင်သာမှုရှိ​စေဖို့​အတွက် အတိုင်ပင်ခံ အဖွဲ့​တဖွဲ့​ လိုအပ်​နေတယ်လို့​ ဝန်ကြီး​က ရှင်း​ပြခဲ့​ပါတယ်။ ဒါ့​အပြင် ဇူလိုင်လ ၉ ရက်​နေ့​က​တော့​ အတိုင်ပင်ခံအဖွဲ့​ လုပ်​ဆောင်လိုတဲ့​ ကုမ္ပဏီ အဖွဲ့​အစည်း​တွေကို အဆိုပြုကြဖို့​ ဖိတ်​ခေါ်ထား​တယ်လို့​ ဝန်ကြီး​က ​ပြောပါတယ်။

ဆက်သွယ်​ရေး​ဝန်ကြီး​ရဲ့​ မြန်မာပြည်သူ​တွေ ဆက်သွယ်​ရေး​ ဝန်​ဆောင်မှု​ပေး​ရေး​ စီမံချက်ဟာ ဒီနှစ်ဆန်း​မှာ နာမည်သတင်း​ကြီး​ခဲ့​တဲ့​ ကျပ် ၅ ​ထောင်တန် တယ်လီဖုန်း​ဆင်း​ကတ် ထုတ်​ဝေဖြန့်​ချိနိုင်တယ်လို့​ ပြည်တွင်း​ပုဂ္ဂလိက ကုမ္ပဏီတခုရဲ့​ ​တောင်း​ဆိုချက်အပြီး​ အစိုး​ရဘက်က အ​ကောင်အထည် ​ဖော်လာတာ ဖြစ်ပါတယ်။

ကျပ် ၅ သိန်း​လောက် ​ဈေး​ပေါက်​နေတဲ့​ တယ်လီဖုန်း​ ဆင်း​ကတ်တခုကို ၅ ​ထောင်နဲ့​ ရ​စေရမယ်ဆိုတဲ့​ ပုဂ္ဂလိကကုမ္ပဏီတခုရဲ့​ စိန်​ခေါ်မှုဟာ အရင်အစိုး​ရ​တွေ လက်ထက် ဆက်သွယ်​ရေး​လုပ်ငန်း​ကို လူ​တွေက ​မေး​ခွန်း​ထုတ်စရာဖြစ်ခဲ့​ပါတယ်၊

ဒီသတင်း​စကား​ဟာ တိုင်း​နဲ့​ပြည်နယ်အနှံ့​ ဖြစ်ပွား​ခဲ့​ပြီး​နောက် သမ္မတ ဦး​သိန်း​စိန်ကိုယ်တိုင် မိန့်​ခွန်း​ထဲမှာ ဆက်သွယ်​ရေး​ကို ကုန်ကျစရိတ်သက်သာစွာနဲ့​ အများ​ပြည်သူသုံး​စွဲနိုင်​အောင် ​ဆောင်ရွက်ဖို့​ ထည့်​သွင်း​ညွှန်ကြား​ခဲ့​ပြီး​နောက် ဒီစီမံချက် ​ပေါ်ထွန်း​လာတာဖြစ်ပါတယ်။

ဝန်ကြီး​က ဒီစီမံချက်ကိုလုပ်ရာမှာ နိုင်ငံတကာအဖွဲ့​အစည်း​။ ကုမ္ပဏီ​တွေနဲ့​ ထိ​တွေရမှာဖြစ်လို့​ ဥပ​ဒေ​တွေ၊​ နည်း​ဥပ​ဒေ​တွေ ပြည့်​စုံခိုင်မာဖို့​လိုတယ်လို့​ ​ပြောဆိုပြီး​ အငြင်း​ပွား​မှု​တွေ ဥပ​ဒေအရ ရင်ဆိုင်ရမှု​တွေက​တော့​ ​ရှောင်လွှဲရမှာမဟုတ်ဘူး​လို့​ ဆိုပါတယ်။

အိမ်နီး​ချင်း​နိုင်ငံ​တွေကို ဥပမာ​ပေး​ပြီး​ နိုင်ငံခြား​နဲ့​ နိုင်ငံသား​ ပိုင်ဆိုင်မှု အချိုး​မညီတာ​တွေ၊​ နိုင်ငံပိုင် ဆက်သွယ်မှုကွန်ရက် မခိုင်မာခင် ​အော်ပ​ရေတာ​တွေ အပြိုင်​ပေး​ဆောင်ရွက်​စေတဲ့​အတွက် နိုင်ငံပိုင် ဆက်သွယ်​ရေး​လုပ်ငန်း​တွေ ​ဈေး​ကွက်ရဲ့​ ၁ ရာခိုင်နှုန်း​လောက်သာရတာ​တွေ။ ​အော်ပ​ရေတာ​တွေကို အပြိုင်​ပေး​လို့​ ​ဈေး​ကွက်ရှိပြီး​ အမြန်ဝင်​ငွေရ​စေမယ့်​ ​နေရာ​တွေမှာသာ ဦး​စား​ပေး​တာ​တွေကို ​ထောက်ပြ​ပြောဆိုသွား​ပါတယ်။

မြန်မာပြည်မှာ တယ်လီဖုန်း​ ဆင်း​ကတ်တခုရဲ့​ ​ဈေး​ဟာ စ​ပေါ်ကာစက ကျပ်​ငွေသိန်း​ ၂၀ ​ကျော်ရှိရာက လက်ရှိမှာ ကျပ် ၂ သိန်း​ပေါက်​နေပြီး​ လာမယ့်​လပိုင်း​တွေကျရင် ထပ်ပြီး​ဈေး​ကျဦး​မယ်လို့​ သတင်း​ထွက်​နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013