DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေးကြောင့် ပုဂံဒေသကို နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု ကျဆင်း
DVB
·
July 5, 2018
ရခိုင်အရေးကြောင့် ပုဂံဒေသကို နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု ကျဆင်း
Donate to DVB

မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားဧည်သည် အရေအတွက်ဟာ အရင်နှစ်ကထက် ထက်ဝက်ကျော် ကျဆင်းခဲ့ တယ်လို့ ဒေသခံ ဧည့်လမ်းညွှန်တွေက ပြောပါတယ်။

ဒေသခံ ဧည့်လမ်းညွှန် ဦးသန်းဌေးက “၂ဝ၁၂ ခုနှစ်က သူတို့မှန်းခြေ ၁ သန်းလောက် လာတယ်မှန်းတယ်။ အဲဒီအရှိန်အဝါနဲ့ ဧည့်သည်တွေ လာနိုးလာနိုးနဲ့ မြေပိုင်ရှင်တွေ ဟိုတယ် တွေဆောက်၊ တပိုင်တနိုင်တွေကလည်း ဟိုတယ်တွေဆောက်ပြီး မှန်းချက်နဲ့ နှမ်းထွက်မကိုက် တော့ပါဘူး။ ဒီနှစ်တော်တော်ကို အခြေအနေဆိုးပါတယ်။ ကျနော်အထင် ၁ သိန်းကျော် လောက်ပဲ လာမယ်” လို့ ပြောပါတယ်။

မြန်မာပြည်ကို လာရောက်လည်ပတ်မှု အများဆုံးကတော့ တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေဖြစ်ကြပြီး  အနောက်နိုင်ငံတွေထဲမှာတော့ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနဲ့ အီတလီစတဲ့နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွားတွေ အလာအများဆုံးဖြစ်ပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှု ပြဿနာတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းကစတင်ကာ အနောက်နိုင်ငံတွေက ခရီးသွားတွေ မြန်မာနိုင်ငံကို ဝင်ရောက်မှု လျှော့နည်းခဲ့တာလည်းဖြစ်ပါတယ်။

အခု ၂ဝ၁၈ ခုနှစ် ဇန်နဝါရီကနေ ဧပြီလထိ လေးလတာကာလအတွင်း မြန်မာနိုင်ငံကို ပြည်ပဧည့်သည်ဝင်ရောက်မှု စုစုပေါင်း ၁,၂၂၅,၈၅၆ ဦးရှိပြီး ဒီအထဲမှာ  ဗီဇာနဲ့ လာရောက်သူ ၄၉၆,၇၉၂ဦးနဲ့ နယ်စပ်မှာ ဝင်ရောက်သူပေါင်း ၇၂၉,ဝ၆၄ ဦးပါဝင်တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက သိရပါတယ်။

သတင်း - အောင်ကျော်ဇော

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013