DVB Logo
Home
မြန်မာသတင်း
ကျောက်စိမ်းမင်းသမီးဝတ်စုံဖြင့် World Beauty Queen အလှမယ်ပြိုင်ပွဲဝင် ရို့စလင်း(ဓာတ်ပုံ)
DVB
·
July 5, 2018
ကျောက်စိမ်းမင်းသမီးဝတ်စုံဖြင့် World Beauty Queen အလှမယ်ပြိုင်ပွဲဝင် ရို့စလင်း(ဓာတ်ပုံ)
1 / 6
Donate to DVB

ကမ္ဘာ့အလှဘုရင်မ World Beauty Queen 2018 အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အလှမယ် ရို့စလင်းကို ရွေးချယ်ခဲ့ပါတယ်။

ဒီပြိုင်ပွဲကို လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး အလှမယ် ရို့စလင်းကတော့ ပြိုင်ပွဲဝင်ဖို့ မြန်မာပြည်ကနေ ဇူလိုင်လ ၄ ရက်နေ့မှာ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

မြစ်ကြီးနားဇာတိ ဖက်ရှင်ဒီဇိုင်နာတဦးလည်းဖြစ်တဲ့ ရို့စလင်းဟာ ၂ဝ၁၈ ခုနှစ် Miss Universe Myanmar 4th Runner Up ဆုရှင် ဖြစ်ပါတယ်။

အခုသွားရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲမှာတော့ သူဟာ ကျောက်စိမ်းမင်းသမီးလို့ အမည်ပေးထားတဲ့ နိုင်ငံကိုယ်စားပြု အမျိုးသားဝတ်စုံနဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီဝတ်စုံကို ဖန်တီးပေးတဲ့ ဒီဇိုင်နာကတော့ Seng Latt(MAKA) ဖြစ်ပါတယ်။

Photo: Miss Universe Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013