Home
မြန်မာသတင်း
အာဇာနည်နေ့ အထိမ်းအမှတ် အာဇာနည် ၉ ဦး၏ ပုံတူ ဂရပ်ဖစ်တီရေးဆွဲ
DVB
·
July 5, 2018
36753843_2116433635280351_5036262489327665152_o
လာမယ့် (၇၁)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အာဇာနည် ၉ ဦးရဲ့ပုံတူ ဂရပ်ဖစ်တီကို မန္တလေးမြို့ရှိ  ရွှေရုပ်လွှာဂရပ်ဖစ်တီမှ လူငယ်ဂရပ်ဖစ်တီပညာရှင် MC Prince က ဇူလိုင် ၃ ရက်က စတင်ရေးဆွဲနေပါတယ်။ လူငယ်ဂရပ်ဖစ်တီပညာရှင် MC Prince က “အာဇာနည်ကြီးတွေကို မမေ့မပျောက်ဖို့ အတွက်ရယ်၊ နောင်လာနောက်သားတွေ သိစေချင်လို့ တဖြေးဖြေးပျောက်ကွယ်သွားမှာ စိုးတဲ့အတွက် လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ အာဇာနည်ကြီးတွေအတွက် ဂုဏ်ယူပြီးတော့ ရေးဆွဲဖြစ်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။ အာဇာနည် ၉ ဦး ပုံတူ ဂရပ်ဖစ်တီ ရေးဆွဲနိုင်ဖို့ ယခုနှစ် ဇွန်လဆန်းပိုင်းက စတင် ပြင်ဆင်ခဲ့တာပါ။ အထပ်သား အောက်ခံ အနီရောင်အပေါ်မှာ အမဲရောင်၊ အဖြူရောင်နဲ့ အသားရောင်စတဲ့ အရောင်တွေနဲ့ ပုံတူ ဂရပ်ဖစ်တီ ရေးဆွဲနေတာဖြစ်ပြီး အထပ်သားတချပ်ကို ပုံတူ တပုံနှုန်း ရေးဆွဲသွားမယ်လို့ သိရပါတယ်။ လူငယ်ဂရပ်ဖစ်တီပညာရှင် MC Princeက “ဒီလိုရေးဆွဲတာ ကျနော်တို့အတွက် ဂုဏ်ယူချင်တာရယ်။ သမိုင်းကိုလဲ မမေ့မပျောက်အောင် ဖော်ကြူးနေတဲ့ ပုံစံမျိုးလဲဖြစ်တယ်။ အကုန်လုံးလဲ မေ့ကုန်ကြပြီး လူတော်တော်များများဆိုရင် နာမည်တွေတို့ လူနဲ့ နာမည်မတွဲမိတာ တွေတို့ တော်တော်များများ အခုခေတ် နောက်ပိုင်းမှ ဖြစ်လာကြပြီ။ အဲလိုမျိုးမဖြစ်အောင် ပုံနဲ့ နာမည်နဲ့ သူတို့ရဲ့ ခုနှစ်တွေနဲ့ တွဲပြီးပြသတော့မှာပါ”လို့ ပြောပါတယ်။ အခုလက်ရှိမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဦးရာဇတ်ရဲ့ ပုံတူနှစ်ချပ်ကို ရေးဆွဲထားပြီး ကျန် အာဇာနည် ၇ ဦး ပုံတူတွေကိုတော့ အာဇာနည်နေ့မတိုင်ခင် အပြီးရေးဆွဲမယ်လို့ သိရပါတယ်။ အခု ရေးဆွဲနေတဲ့ အာဇာနည် ၉ ဦး ပုံတူ ဂရပ်ဖစ်တီတွေကို ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာ လွမ်းသူပန်းခွေချ အလေးပြုသွားဖို့ စီစဉ်နေပါတယ်။ သတင်း - သော်တာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024