DVB Logo
Home
မြန်မာသတင်း
လျှပ်စစ် လုံလောက်အောင် စီမံထားပြီဟု လွှတ်တော်တွင် ပြော
DVB
·
July 11, 2012
လျှပ်စစ် လုံလောက်အောင် စီမံထားပြီဟု လွှတ်တော်တွင် ပြော
Donate to DVB

နိုင်ငံတွင်း လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ဖြန့်ဖြူးဖို့ ပြည်ပ ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပြီး စနစ်တကျစီမံဆောင်ရွက်နေတဲ့အကြောင်း သက်ဆိုင်ရာက ပြောကြားခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်ရဲ့ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ဖြန့်ဖြူးဖို့ စီမံချက်ချ ဆောင်ရွက်ထားခြင်း ရှိမရှိ မေးမြန်းချက်ကို လျှပ်စစ်အမှတ် ၂ ဒုဝန်ကြီး ဦးအောင်သန်းဦးက ပြန်လည် ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

လျှပ်စစ် ၂ ဒု-၀န်ကြီး ဖြေကြားခဲ့ပုံကို ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က“နိုင်ငံခြားက ရေအားလျှပ်စစ်ထုတ်ဖို့ ကိစ္စတွေ၊ ထိုင်းနဲ့လည်း ကနဦး ကြိုတင်တိုင်းတာမှုတွေ စာချုပ်ချုပ်နေပြီလို့ ပြောပါတယ်။ နောက်ပိုင်းမှာ လျှပ်စစ်နဲ့ ပတ်သက်လာရင် အစိုးရက သူတို့ကိုယ်တိုင် လုပ်တာထက် ပုဂ္ဂလိကအဖွဲ့အစည်းဘက်ကို ချိတ်တာပေါ့နော်။ မိတာ မမိတာတော့ မသိဘူး။ ကိုယ်တိုင်လုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့က သိပါတယ်။ အခုက ဖက်စပ်တွေ လုပ်မယ်။ ပုဂ္ဂလိကကို လွှဲမယ်ဆိုတာတွေ၊ ပေါင်းလုပ်မယ်ဆိုတာတွေ သိရတော့ ဟိုဘက်ကလူတွေက လာမယ်ဆိုရင် သူတို့ ပြောသလို ဖြစ်နိုင်တာပေါ့နော်။ မလာဘူးဆိုရင်လည်း ဒါက အပြောပဲ ဖြစ်သွားမှာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကုန်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဆွေးနွေးခဲ့တုန်းက မြန်မာပြည်မှာ စွမ်းအင်မူဝါဒတရပ် အမြန်ချမှတ်ဖို့ လိုနေပြီလို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့မေလအတွင်း ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေ အပါအ၀င် မြို့အချို့မှာ ကာလရှည်ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013