DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်အားခမပေးသည့် စက်ရုံများကို တိုင်ကြားနိုင်
DVB
·
July 5, 2018
အနိမ့်ဆုံးလုပ်အားခမပေးသည့် စက်ရုံများကို တိုင်ကြားနိုင်
Donate to DVB

အစိုးရက အနည်းဆုံးအခကြေးငွေ ကျပ် ၄၈ဝဝပေးဖို့ သတ်မှတ်လိုက်ပြီးနောက်ပိုင်း တိုင်ကြားခံရတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ရှိပေမယ့် အရေးယူရတာ မရှိသေးဘူးလို့  အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

ဦးဝင်းရှိန်က “တိုင်ကြားခံရတာတွေတော့ ရှိတယ်။ လှိုင်သာယာက စက်ရုံ ၁ဝ ရုံ လောက်ရှိတယ်။ အရေးယူရတာတော့ မရှိသေးပါဘူး။ တိုင်ကြားလာရင် ကျနော်တို့က ကွင်းဆင်း ညှိနှိုင်းလိုက်တယ်။ အကုန်လက်ခံပါတယ်။ပေးကြပါတယ်”လို့ ပြောပါတယ်။

အနည်းဆုံးအခကြေးငွေ ကျပ် ၄၈ဝဝ ကို မေလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့တာပါ။ ဒီလိုထုတ်ပြန်ပြီးနောက်ပိုင်း အနည်းဆုံးအခကြေးငွေ မပေးနိုင်လို့ဆိုပြီး လှိုင်သာယာ မြို့နယ်က အလုပ်သမား ၄ဝဝ ကျော်ရှိတဲ့ Seduno အထည်ချုပ်စက်ရုံဟာ ဇူလိုင် ၁ ရက်နေ့ က ပထမဆုံးအနေနဲ့  ပိတ်သိမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး အနည်းဆုံး အခကြေးငွေ ကျပ် ၃၆ဝဝ ကို ၂ဝ၁၅ စက်တင်ဘာလက ထုတ်ပြန်ခဲ့ပြီး အဲဒီ့တုန်းကလည်း အနည်းဆုံးအခကြေးငွေ မရလို့ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုတာတွေ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013