DVB Logo
Home
မြန်မာသတင်း
ဈေးဆိုင်တဲများ ရေကြီးမျောပါပြီး ၀ါးရုံတောအပန်းဖြေစခန်း ခေတ္တပိတ်
DVB
·
July 5, 2018
ဈေးဆိုင်တဲများ ရေကြီးမျောပါပြီး ၀ါးရုံတောအပန်းဖြေစခန်း ခေတ္တပိတ်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ မိုင်၂၀ အကွာ ကျိန်ခရန်ချောင်း ရေကြီးရေလျံတဲ့အတွက် အောင်မြင်သာကျေးရွာ တ၀ိုက်တည်ဆောက်ထားတဲ့ ၀ါးရုံတော အပန်းဖြေစခန်း ဈေးဆိုင်တဲ ၃၀ ကျော် ဇူလိုင်၂ ရက်နေ့က မျောပါပျက်စီးသွားပါတယ်။

ဈေးဆိုင်တွေအပြင် ချောင်းတဖက်နဲ့တဖက်ကူးဖို့ တံတားလည်း မျောပါသွားတဲ့အတွက် အပန်းဖြေစခန်းစခန်း ခေတ္တနားထားရတယ်လို့ ဆိုင်ရှင်တဦးဖြစ်တဲ့ ဒေါ်လုရာက ပြောပါတယ်။
“ကျမတို့ဆိုင်က ချောင်းဟိုဘက်ကမ်းကူးရတယ်။ ကူးတဲ့တံတား၊ ကျမတို့ဆောက်ထားတဲ့ တံတားပေါ့၊ အဲဒီဟာတော့ ရေထဲမျောပါသွားတယ်။ ဒီကြိုးတံတားကတော့ သူက အမြင့်ကြီးဆိုတော့ ရှိတယ်။ ဆိုင်ကတော့ တော်တော်ပါသွားတယ်။ ၃၀ လောက်ပါသွားတယ်။ ဆိုင်တဲတွေပေါ့။ ကျမတို့ဆီမှာ ဆောက်ထားတဲ့ တဲတွေက လူလေးငါးယောက်ထိုင်တဲ့ နေရာမျိုးတွေပေါ့။ အဲလိုတဲတွေ ၃၀ လောက်တော့ မျောပါသွားတယ်။”

ဆိုင်တဲလေးတွေ မျောပါကုန်တာကြောင့် လတ်တလော ခေတ္တရပ်ထားပြီး ရေကျသွားရင် တံတားတွေ၊ တဲတွေ ပြန်လည်တည်ဆောက်သွားမယ်လို့လည်း ပြောပါတယ်။

အောင်မြင်သာ စံပြကျေးရွာအနီးတ၀ိုက်မှာ ၀ါးရုံတော၊ ကြိုးတံတား အစရှိတဲ့နေရာတွေ မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အဆိုပါ အပန်းဖြေစခန်းကို တည်ဆောက်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပြည်တွင်းနဲ့  ပြည်ပက ခရီးသွားတွေ လာရောက်လည်ပတ်တဲ့ နေရာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013