DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဆက်လက်ကူညီမည်
DVB
·
July 4, 2018
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဆက်လက်ကူညီမည်
Donate to DVB

မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ လူမှုအသိုက်အဝန်းများအကြား သဟဇာတဖြစ်ရေးနဲ့  စီးပွားရေး အသွင်ကူးပြောင်းမှုတို့မှာ ဆက်လက်ကူညီသွားမယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနှင့်ပစိဖိတ်ဒေသ ဒုဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာဟာ ဇူလိုင် ၈ ရက်ကနေ ၁၀ ရက်အတွင်း မြန်မာနိုင်ငံကို လာမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇူလိုင် ၄ ရက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူတွေ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတွေအပြင် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနဲ့  တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

မကြာသေးခင်က  ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း  ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံအပေါ် ထောက်ပံ့ကူညီပေးနေတာတွေကို ရပ်ထားတယ် ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး အသွင်ကူးပြောင်းလဲမှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကူညီပေးမယ်လို့ ကတိပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013