DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ၂၁ ရာစုပင်လုံတက်ရောက်မည်
DVB
·
July 4, 2018
မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံး ၂၁ ရာစုပင်လုံတက်ရောက်မည်
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို မြောက်ပိုင်း တိုင်ရင်းသားလက်နက်ကိုင်အားလုံး တက်ရောက်မှာဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

“မြောက်ပိုင်းကရှိနေတဲ့အဖွဲ့ ၇ ဖွဲ့ကိုလည်း တဖွဲ့ချင်းဆီ ဖိတ်ထားတယ်။ KNPP ကတော့ သူတို့ တက်မယ်လို့ အကြောင်းပြန်တယ်။ မနေ့က ပြန်တယ်။ နောက် မြောက်ပိုင်း ၇ ဖွဲ့ကတော့ သူတို့ဆီကိုလည်း ကျနော်တို့ ဆက်သွယ်တဲ့ Contant ပေါ့။ အဲ့ဒါတွေကို တရုတ်သံရုံး ကနေတဆင့်ပြောထားတယ်။ အားလုံးရောက် သွားပြီလို့ပြောတယ်။ အကြမ်းဖျင်းအားဖြင့်တော့ တက်မယ်လို့ ကျနော်တို့ သိရတယ်။ အားလုံး ၇ဖွဲ့ကို တဖွဲ့စီ UPDJC မှာ ဆုံးဖြတ်ချက်ချတယ်။ ပြီးခဲ့တဲ့ UPDJC မှာလက်မှတ်မထိုးတဲ့ အဖွဲ့တွေ ဖိတ်ကြားရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

မြောက်ပိုင်းတိုင်းရင်သားလက်နက်ကိုင် အဖွဲ့တွေကတော့ USWA အပါအ၀င် အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် - မိုင်းလားအဖွဲ့ ၊ ကချင်လွတ်လပ်ရေးတပ်မတော်အဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်- ကိုးကန့်တပ်ဖွဲ့၊ ရက္ခိုင့်တပ်မတော် တွေပဲဖြစ်ပါတယ်။

ဇူလိုင်လ ၄ ရက်နေ့က နေပြည်တော်မှာ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ (MICC 2) မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ လုပ်ငန်းကော်မတီ အစည်းအဝေးကို ကျင်းပနေပြီး ကဏ္ဍအလိုက်ဆွေးနွေးမှု တွေကို ၃ ရက်ကြာ ပြုလုပ်သွားမှာလို့ သိရပါတယ်။

ဒုတိယအကြိမ်အစည်းအဝေးတုန်းကလို မဖြစ်အောင်လည်း စီမံဆောင်ရွက်ထားတဲ့ အကြောင်းကို ဦးဇော်ဌးက ပြောပါတယ်။

“ဝ တွေထပြန်သွားရတဲ့ အဓိကပြဿနာက ကတ်ပြားပေါ့နော်။ ကတ်ပြားပြဿနာပေါ်မှာ နားလည်မှု လွဲတယ်။ နောက် ဒီဖက်မှာ ထမင်းစားသောက်တဲ့အခါပေါ့။ နေ့လယ်စာစားတဲ့ အခါမှာ နည်းနည်းလေး အဆင်မပြေမှုတွေရှိတယ်။ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာအချို့ လိုအပ်ချက်လေး တွေ ရှိတယ်။ ဒီတစ်ခါမှာကတော့ အဲ့လိုမဖြစ်အောင် ကတ်ပြားလည်းအတူတူပဲ အဲ့လို လုပ်ထားပါတယ်”လို့ ဦးဇော်ဌေးက ပြောတာပါ။

၂၁ ပင်လုံ တတိယအစည်းအဝေးကို နေပြည်တော်မှာရှိတဲ့ MICC 2 မှာပဲ ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ပြီး ဇူလိုင်လ ၁၆ ရက်နေ့အထိ ၆ ရက်ကြာကျင်းပမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013