
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာအုပ်စု၊ ချောက်ပင်ရွာမှာ ဇူလိုင်လ ၃ရက်က ခြံစည်းရိုးအနီး ဓားဦးချွန်နဲ့ မြေအနက် ၁ပေလောက်တူးပြီး မှိုရှာရာက စစ်ကျန်ဗုံးသီးဟောင်း ၁၁လုံး တွေ့တယ်လို့ မိတ္ထီလာအမှတ်-၂ရဲစခန်းက သိရပါတယ်။
မိတ္ထီလာအမှတ်-၂ရဲစခန်းဒုရဲအုပ်လှမျိုးသူက “ချောက်ပင်ရွာက လက်သမားဆရာ ဦးကျော်သူ တွေ့တာပါ။ အရှည် ၁၄လက်မ လုံးပတ် ၅လက်မ ဖင်ပိုင်းမှာ ဒလက် ၆ခုပါတဲ့ စစ်ကျန်ဗုံးသီးဟောင်း ၁၁ လုံးတွေ့တာပါ"လို့ ပြောပါတယ်။
အဆိုပါ စစ်ကျန်ဗုံးသီး ၁၁ လုံးကို အမှတ် ၉၁၀ စစ်မြေပြင်အင်ဂျင်နီယာတပ်ထံ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











