DVB Logo
Home
မြန်မာသတင်း
လက်ရှိအစိုးရလက်ထက်တွင် ထာဝရငြိမ်းချမ်းရေးရရှိရန် ဗိုလ်ချုပ်မှူးကြီးဆန္ဒရှိနေ
DVB
·
July 3, 2018
လက်ရှိအစိုးရလက်ထက်တွင် ထာဝရငြိမ်းချမ်းရေးရရှိရန် ဗိုလ်ချုပ်မှူးကြီးဆန္ဒရှိနေ
Donate to DVB

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အခု အစိုးရလက်ထက်မှာပဲ ခိုင်မြဲတဲ့ ထာဝရ ငြိမ်းချမ်းရေးရလိုတဲ့ဆန္ဒရှိတယ်လို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့် က ပြောပါတယ်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အစည်းအဝေးခန်းမမှာ ဇူလိုင် ၃ရက် ဒီနေ့ပြုလုပ်တဲ့ ကော်မတီအစည်းအဝေးမှာ ပြောတာ ဖြစ်ပါတယ်။

“ကျနော်တို့ တပ်မတော်အနေနဲ့ လက်ရှိ အစိုးရကာလမှာပဲ ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေး ရရှိလိုတဲ့ဆန္ဒရှိပါတယ်။ ဒါက တပ်မတော်အကြီးအကဲကလည်း ဒီတိုင်းပဲ ဆန္ဒရှိမှာ ဖြစ်ပါတယ်။

သုံးရက်ကြမယ့် ကော်မတီအစည်းအဝေးအတွင်း ကြားကာလအတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နဲ့ ဒေသဆိုင်ရာအဆင့် ကော်မတီအသီးသီးက ကော်မတီဝင်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ၊ JMC အဆင့်ဆင့်မှာ ပါဝင်တဲ့ အရပ်သား ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းလမ်းညွှန် ပြင်ဆင်ချက်တွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

အလားတူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်(မူကြမ်း)၊ ဘဏ္ဍာရေး ဆိုင်ရာတွေ၊ ဒေသခံ အရပ်သားစောင့်ကြည့်သူ (LCM)တွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းအကောင် အထည်ဖော်မှု အခြေအနေတွေ၊ JMC အဆင့်ဆင့်မှာ ပါဝင်တဲ့ အရပ်သားကိုယ်စားလှယ်တွေရဲ့ စတုတ္ထအကြိမ် တွေ့ဆုံပွဲ ကျင်းပရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ ကော်မတီရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။

အခု အစည်းအဝေးကို JMC-U အဖွဲ့ဝင် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အရပ်သားအစုအဖွဲ့ အသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်နေ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013