DVB Logo
Home
မြန်မာသတင်း
ကာကွယ်ဆေးထိုးစီမံချက်အတွက် ကန်ဒေါ်လာ သန်း ၁၁၀ အထောက်အပံ့ရရှိ
DVB
·
July 3, 2018
ကာကွယ်ဆေးထိုးစီမံချက်အတွက် ကန်ဒေါ်လာ သန်း ၁၁၀ အထောက်အပံ့ရရှိ
Donate to DVB

မြန်မာပြည်တွင်း ကာကွယ်ဆေးလုပ်ငန်းတွေအတွက် ၂၀၁၈မှ ၂၀၂၁ ခုနှစ်အထိ ဆွစ်ဇာလန်အခြေစိုက် ကမ္ဘာ့လုံးဆိုင်ရာကာကွယ်ဆေးရရှိရေး မဟာမိတ်အဖွဲ့  Gavi အဖွဲ့ကနေ အမေရိကန်ဒေါ်လာ သန်း ၁၁၀ လောက် အထောက် အပံ့ပေးမယ်လို့ ကျန်းမာရေးနဲ့ အားကစား ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

မနေ့က နေပြည်တော်မှာလုပ်တဲ့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ စီမံချက် ဘဏ္ဍာငွေ သုံးစွဲခြင်းနဲ့ တခြားစီမံခန့်ခွဲမှုဆိုင်ရာညှိနှိုင်းရေးကော်မတီ အစည်းအဝေးမှာ ပြောတာပါ။

Gavi အဖွဲ့က စုစုပေါင်းကာကွယ်ဆေး ဝယ်ယူတဲ့ နှစ်စဉ် ကုန်ကျစရိတ်ရဲ့ ၇၆ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေပြီး ဒီအထောက်အပံ့တွေကြောင့် ကလေးသူငယ်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေနဲ့ သေဆုံးတာတွေ အများကြီး လျော့နည်းကျဆင်းခဲ့ရတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း Gavi က မြန်မာနိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၇၇ ဒသမ ၃ သန်း တန်ဖိုးရှိတဲ့ ကာကွယ်ဆေးတွေ၊ ပုံမှန်ကာကွယ်ဆေးထိုးနဲ့ အပိုဆောင်း ကာကွယ်ဆေးထိုးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၉ သန်း  အထောက်အပံ့ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီအစည်းအဝေးမှာ တိုးချဲ့ကာကွယ်ဆေးလုပ်ငန်းက ဒေါက်တာ ဒေါ်ထားထားလင်းက ကာကွယ်ဆေးထိုး လွှမ်းခြုံနိုင်မှုမရှိတဲ့ ဒေသတွေမှာ အထူးနည်းဗျူဟာတွေ သုံးဖို့ အစီအစဉ်ကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် ကာကွယ်ဆေးနဲ့ လုပ်ငန်း အကောင်အထည်ဖော်ဖို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၈ သန်း ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၆၀ ထောက်ပံ့ခဲ့တယ်လို့လည်း ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အခု ၂၀၁၈ ခုနှစ်ဟာ ဝန်ကြီးဌာနအတွက် ဘဏ္ဍာငွေတွေကို ကျိုးကြောင်းလျော်ညီ ခွဲဝေ ချထားလို့ အလေအလွင့်မရှိအောင်သုံးစွဲပြီး စနစ်တကျ စောင့်ကြပ်ကြည့်ရှုနှစ်လို့ သတ်မှတ်ထား ပါတယ်။

မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးလုပ်ငန်းကို ၁၉၇၈ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်ဝါရီကစလို့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ကာကွယ်ဆေးစုစုပေါင်း ၁၁ မျိုးကို ထိုးနှံပေးနေတာပါ။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အခြေစိုက်တဲ့ Gavi အဖွဲ့ကို  ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ထူထောင်တာဖြစ်ပြီး မြန်မာအပါအ၀င် ဆင်းရဲတဲ့နိုင်ငံတွေက ကလေးငယ်တွေ ကာကွယ်ဆေးအကူအညီတွေရအောင် ထောက်ပံ့ကူညီပေးနေတဲ့  အဖွဲ့ဖြစ်ပါတယ်။

ဓာတ်ပုံ- UNICEF

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013