DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 2, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၁,၈၆၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ငွေကျပ် ၃၀၀ ကျော် ဈေးတက်လာပါတယ်။  မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ အဟောင်း တအိတ်ကို ၄၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃,၁၄၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီအဟောင်း တအိတ်ကို ငွေကျပ် ၄၃,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၄၄,၄၀၀ ကျပ်  ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်နဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ တအိတ်ကို ၁,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲဇီးကွက်
ပခုက္ကူကုန်စည်ဒိုင်မှာ ပဲဇီးကွက်က တအိတ်ကို ၆၅,၄၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ငွေကျပ် ၆၈,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်နဲ့ မန္တလေး ကုန်စည်ဒိုင်မှာ တအိတ်ကို ငွေကျပ် ၂၇,၄၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်(စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၁၅၀,၀၀၀ ကနေ ၁၅၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၅၀,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၅,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ V2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ  ကုလားပဲ V2 က တအိတ်ကို ငွေကျပ် ၆၂,၀၀၀ ကနေ ၆၂,၅၀၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။  ပခုက္ကူကုန်စည်ဒိုင်မှတော့ တအိတ်ကို ၆၀,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲမရှိ ငြိမ်နေပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ တအိတ်ကို ၂၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စားအုန်းဆီက တပိဿာကို ၁,၆၉၀ ကျပ် ဈေးရှိနေပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တပိဿာကို ၁,၇၃၀ ကျပ် ပေါက်ဈေးရှိနေပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ တပိဿာကို ၄၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။  

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013