DVB Logo
Home
မြန်မာသတင်း
အမေရိကန်စူပါဟီးရိုးရုပ်ရှင်ပရိသတ်အကြိုက် Ant-Man and the Wasp ရုပ်ရှင်(နမူနာ)
DVB
·
July 2, 2018
အမေရိကန်စူပါဟီးရိုးရုပ်ရှင်ပရိသတ်အကြိုက် Ant-Man and the Wasp ရုပ်ရှင်(နမူနာ)
Donate to DVB

အမေရိကန်စူပါဟီးရိုး ရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့စေမယ့် Ant- Man and the Wasp ဆိုတဲ့ ရုပ်ရှင်ကားကို လာမယ့် ဇူလိုင်လ ၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ Marvel Comics တွေကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတဲ့ ရုပ်ရှင် Series အနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပြီး ဒီကားကိုတော့ လာမယ့် ၂ဝ၁၉ ခု နှစ်မှာ နောက်ထပ်ထွက်လာမယ့် Avengers ဇာတ်ကားနဲ့ ချိတ်ဆက်သွားမလို့လည်း ကြေညာထားပါတယ်။

ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Peyton Reed က ရိုက်ကူးပုံ ဖော်ထားပြီး Marvel Studios က ထုတ်လုပ်ကာ Walt Disney Studio Motion Pictures က ဖြန့်ချိလိုက်တာပါ။

Marvel Comics ဇာတ်ကောင် Ant Man နေရာမှာတော့ အမေရိကန်မင်းသား Paul Rudd က သရုပ်ဆောင်ထားပြီး Supervillain ဇာတ်ကောင် Red Queen နေရာမှာ တော့ ကနေဒီယန်းမင်းသမီး Evangeline Lilly က အပြိုင်ပါဝင် သရုပ်ဆောင်ထားကာ ဘယ်လိုစွန့်စားခန်းတွေ၊ တိုက်ခိုက်မှုတွေနဲ့ ပုံဖော်ရိုက်ကူးထားမလဲဆိုတာကို ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုရတော့မှာပါ။

ဒီကားအထူးပွဲကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့မှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှု တွေလည်း ရရှိထားတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၁၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို Box Office က ရုံတင်တဲ့ ပထမ ပတ်မှာတင် ဝင်ငွေ ၆၉ သန်းက နေ သန်း ၈ဝ ထိ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013