DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ဒုက္ခသည်များကို ၈၈ ကျောင်းသားများ သွားရောက်အားပေး
DVB
·
July 11, 2012
ရခိုင်ပြည်နယ် ဒုက္ခသည်များကို ၈၈ ကျောင်းသားများ သွားရောက်အားပေး
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် ဘေးဒုက္ခတွေ ကြုံတွေ့နေကြရတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ အားပေးဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။

[caption id="attachment_27828" align="alignright" width="300" caption="ဂြစ်ဘက်ကျောင်းတိုက် ဒုက္ခသယ်စခန်းရောက် ၈၈မျိုးဆက်ကျောင်းသားများ "][/caption]မနေ့က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ အံ့ဘွယ်ကျော်၊ စမ်းချောင်းကိုကိုကြီး၊ မနီလာသိန်းနဲ့ မမီးမီးတို့ စစ်တွေမှာ ကြိုတင်ရောက်ရှိနေပြီး ဒီနေ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ဂျင်မီ၊ ဇော်ထက်ကိုကိုနဲ့ မသက်သက်အောင် တို့ ၆ ဦးပါအဖွဲ့  စစ်တွေမြို့ကို ထပ်မံသွားရောက်ခဲ့တာပါ။

သွားရောက်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီက “အများပြည်သူ လှူဒန်းထားတဲ့ ပစ္စည်းတွေကို ၈၈မျိုးဆက်ကျောင်းသားတွေက တဆင့် လှူဒါန်းဖို့ရယ်၊ ဒုက္ခရောက်သူတွေကို ကိုယ်နဲ့ထပ်တူ အားပေးနှစ်သိမ့်ဖို့ရယ်၊ ဒီမှာရှိနေတဲ့အခြေအနေတွေကို ကြည့်ပြီးတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ အကိုတို့ဘက်က ဘယ်လိုအကူအညီပေးနိုင်မလဲပေါ့။ ဒါတွေ သိရအောင် ဒီခရီးစဉ်ကို လာခဲ့တာပါ” လို့ ပြောပါတယ်။

၈၈ မျိုးဆက်အဖွဲ့ဟာ ဒုက္ခသည်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ယာယီဒုက္ခသည်စခန်းတွေရှိရာ စစ်တွေမြို့ပေါ်က ဘုန်းကြီးကျောင်းတွေဆီကို ဒီနေ့ လိုက်လံကြည့်ရှုခဲ့ပြီး စခန်းတခုကို ငွေကျပ် ၅ သိန်းစီနဲ့ အ၀တ်အစားတွေ လှူဒါန်းသွားခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ ဒုက္ခသည်တွေအတွက် လုံခြုံရေးနဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ပေးဖို့ အဓိက လိုအပ်နေတာကို တွေ့ရကြောင်းလည်း ကိုဂျင်မီက ပြောပါတယ်။

“လုံလုံခြုံခြုံနဲ့ ကိုယ့်အိမ်ကို ပြန်နေနိုင်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေတုန်းပဲ။ ကျန်းမာရေး အခြေအနေကတော့ မဆိုးဘူးပေါ့။ လောလောဆယ်မှာတော့ ဒီကလူတွေ လုံခြုံဖို့ရယ်၊ စားဝတ်နေရေး အဆင်ပြေဖို့ရယ်ပေါ့။ ဒါတွေ အဓိက အာရုံစိုက်ချင်တာပါ။”

၈၈ မျိုးဆက်ကျောင်းသားတွေဟာ မွန်းလွဲပိုင်းမှာတော့ စစ်တွေမြို့ပေါ်က သံဃာတော် အပါး ၂၀ တွေ့ဆုံခဲ့ပြီး အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ်အရေး တွေ့ဆုံစကားပြောခဲ့တယ်လို့ သိရပါတယ်။ မနက်ဖြန်မှာတော့ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေကို ခရီးဆက်ဖို့ အစီအစဉ်ရှိပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/88 got sittwe/]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013