DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ထဲ ဓာတ်ဆီပုလင်းပစ်ဖောက်ခွဲသူကို ထောင်ဒဏ် ၅နှစ်ချ
DVB
·
July 2, 2018
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ထဲ ဓာတ်ဆီပုလင်းပစ်ဖောက်ခွဲသူကို ထောင်ဒဏ် ၅နှစ်ချ
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲကို ဓာတ်ဆီပုလင်း ပစ်သွင်းသူ ၀င်းနိုင်ကို ဇူလိုင် ၂ ရက်နေ့မှာ ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဝင်းနိုင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းအတွင်းကို ဓာတ်ဆီပုလင်းနဲ့ ပစ်ပေါက်ခဲ့တာပါ။

ပစ်ပေါက်မှုကြောင့် လူတွေထိခိုက်ဒဏ်ရာရတာမရှိခဲ့ပေမယ့် နေအိမ်အတွင်းရှိ ခြံစောင့်တဲဘေးက ရေပိုက်တစ်ချောင်းနဲ့ စားဖိုနံရံ မီးလောင်ကျွမ်းသွားခဲ့ပါတယ်။

ဝင်းနိုင်ကို ဗဟန်းမြို့နယ်ရဲစခန်းက ဒုရဲအုပ် လှဝင်းထွန်းက တရားလို တိုင်ကြား ထားတာဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ တရားစွဲဆိုခဲ့တာပါ။ ကျူးလွန်သူကို တရားရုံးစစ်ဆေးရာမှာတော့ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တာကြောင့် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီပုဒ်မဟာ အိမ်၊ အစရှိသည်တို့ကို ဖျက်စီးရန်ရည်ရွယ်ပြီး မီး သို့မဟုတ် ပေါက်ကွဲစေတတ်တဲ့ အရာနဲ့ အကျိုးဖျက်ဆီးမှုလို့ ရာဇသတ်ကြီးမှာ ပြဋ္ဌာန်းထားပါတယ်။

ဒီပုဒ်မဟာ ထောင်ဒဏ်တသက်တကျွန်းဖြစ်စေ  ၁၀နှစ်ထိဖြစ်စေ ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီအမှုကို ဖော်ဖော်ဝါရီလက စတင်စစ်ဆေးခဲ့တာမှာ တရားလိုပြသက်သေ ၂၄ ဦးအနက် ၁၅ ဦးကို ဥပဒေအရာရှိက ပယ်ချခဲ့ပြီး ၉ ဦးကိုတော့ စစ်ဆေးပြီးနောက် အခုလို တရားခံကို အမိန့်ချမှတ်ခဲ့တာပါ။

တရားခွင်မှာ တရားသူကြီးက သက်သေတွေကို စစ်ဆေးရာမှာ ကျူးလွန်သူဟာ စိတ်ရောဂါဝေဒနာကိုခံစားနေရသူဖြစ်ပြီး စိတ်ရောဂါအထူးကုဆေးရုံကိုတက်ရောက်ကုသခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013