DVB Logo
Home
မြန်မာသတင်း
အလုပ်သမားအခွင့်အရေး ရရှိရေး တစ်​ရှူးစက်ရုံ အလုပ်​သမားများ ဆန္ဒပြ
DVB
·
July 2, 2018
အလုပ်သမားအခွင့်အရေး ရရှိရေး တစ်​ရှူးစက်ရုံ အလုပ်​သမားများ ဆန္ဒပြ
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ပြည်​ကြီးတံခွန်​မြို့နယ်​ ၆၅ လမ်း မင်းကြီးရန်​​နောင်​နဲ့ ကုသိုလ်​​တော်​လမ်းကြား (ဂ) ရပ်​ကွက်​မှာ အင်​ပါယာတစ်​ရှူးစက်ရုံက အလုပ်​သမား ၄ဝ​ ကျော်က အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့ ​ဆန္ဒပြ​တောင်းဆိုနေကြပါတယ်​။

မေလ ၇ ရက်​​နေ့ကစပြီး စက်ရုံအတွင်းမှာညှိနှိုင်းဖို့ အလုပ်သမားတွေက အလုပ်​ရှင်​ကို စာတင်​ပြီး ​တောင်းဆိုခဲ့​ပေမယ့် ​မေလ ၁၆ ရက်​​နေ့အထိ ​စောင့်ခဲ့​ပေမယ့် အလုပ်​ရှင်​ဘက်​က ညှိနှိုင်းဖို့ ပျက်​ကွက်​ခဲ့ပါတယ်။

မေလ ၁၇ ရက်​​မှာ မြို့်​နယ်​အလုပ်​သမား ညှိနှိုင်းဆက်​ဆံ​ရေးဦးစီးဌာနကို အဓိကအချက်​ ၅ ချက်​ကို ​ဖြေရှင်း​ပေးဖို့​ တောင်းဆိုခဲ့ပေမယ့် ​ဖြေရှင်းမ​ပေးခဲ့တဲ့အတွက်​ ဒီ​နေ့ အလုပ်​သမား ၄ဝ ​ကျော်​က ဆန္ဒထုတ်​​ဖော်​ တောင်းဆိုကြတာ ဖြစ်ပါတယ်​။

အင်​ပါယာ တစ်​ရှူးစက်ရုံက အလုပ်​သမားသမဂ္ဂအတွင်း​ရေးမှူး ကိုတင့်​ဆွေက “အဓိက အချက်ကေ​တော့ အလုပ်​ခန့်​ထားမှုဆိုင်​ရာသ​ဘောတူစာချုပ်​ကို အလုပ်​ရှင်​ဘက်​က​ ဖျောက်​ဖျက်​ပစ်​လိုက်​တဲ့ စာချုပ်​ပါ အချက်​အလက်​အားလုံးကို ​ပြောင်းလဲပြင်​ဆင်​ခြင်းမရှိဘဲ ပြန်​လည်​ရရှိချုပ်​ဆို​ရေးနဲ့ ဥပ​ဒေပါ အလုပ်​သမားအခွင့်အ​ရေးတွေ အပြည့်အဝရရှိ​ရေးနဲ့အတူ အချက်​ ၁၁ ချက်​ကို ကျ​နော်​တို့ ​တောင်းဆိုကြရတာ​”လို့ ​ပြောပါတယ်​။

အင်​ပါယာတစ်​ရှူးစက်ရုံအ​နေနဲ့ အခုလို အလုပ်​သမား​တွေ​တောင်းဆို​နေတဲ့ အချက်​ ၁၁ ချက်​ကို တချက်​မှ လိုက်​​လျော​ပေးနိုင်​ခြင်းမရှိ​ဘူးလို့  အင်​ပါယာစက်ရုံ မန်​​နေဂျာ ဦး​အေးမင်းက​ ပြောပါတယ်။

အခုအလုပ်​သမား​တွေ​တောင်းဆို​နေတာနဲ့ပတ်​သက်​ပြီး လိုက်​​လျောဖို့လည်း မရှိဘူး။ ညှိနှိုင်းဖို့လည်း မရှိဘူး။ မှောက်​​မှောက်​ သပိတ်​​မှောက်​၊ တလ မဟုတ်​ဘူး။ တနှစ်​ပဲ မှောက်​​မှောက်​ ဘာမှမဖြစ်​ဘူး။ တချက်​မှ လိုက်​​လျောမ​ပေးနိုင်​ဘူး”

ဟန်​နီ၊ အဲရိုး၊ ဂိုးဒင်းအဲရိုး၊၊ ကာတွန့်​၊ စစ်​ကိုင်းစတဲ့ တံဆိပ်​ငါးမျိုးကို ထုတ်​လုပ်​​နေတဲ့ စက်ရုံဖြစ်​ပါတယ်။ ၂ဝ၁၁ ခုနှစ်​ ဧပြီလမှာ စတင်​လည်​ပတ်​ခဲ့တဲ့ စက်ရုံတရုံ ဖြစ်​ပါတယ်​။

ဆန္ဒပြစက်ရုံအလုပ်​သမား ၄ဝ ​ကျော်​ ​တောင်းဆိုချက်​ ၁၁ ချက်​မရမချင်း ဇူလိုင် ၂ ၁၁ ရက်​​အထိ​ တောင်းဆိုဆန္ဒပြသွားကြမှာဖြစ်​ပြီး တောင်းဆိုချက်​​တွေကို စက်ရုံဘက်​က မလိုက်​​လျောရင် သက်​ဆိုင်​ရာ အလုပ်​သမားအဖွဲ့အစည်း​တွေနဲ့ ပူး​ပေါင်းတိုင်ပင်ကာ ဥပ​ဒေအရ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013