DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး တပ်မတော်က ကူညီမည်
DVB
·
July 2, 2018
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး တပ်မတော်က ကူညီမည်
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးအတွက် တပ်မတော်က ကူညီမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက ပြောဆို လိုက်တာပါ။

ဗိုလ်ချုပ် ရုပ်ရှင်ရိုက်ကူးတဲ့အခါ သမိုင်းအထောက်အထား မှန်ကန်ပြည့်စုံဖို့အတွက် တပ်မတော်က ဗိုလ်မှူးတဦးကို ကိုယ်စားလှယ်အဖြစ် ထည့်ပေးထားပြီး လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ ပံ့ပိုးထားတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ရိုက်ကူးတဲ့အခါ တိုက်ပွဲတွေအတွက် စစ်သဘောတရားအရာ ဖြစ်တဲ့နေရာပေါ် မူတည်ပြီး တိုက်ပွဲအမျိုးအစားနဲ့ နေရာဒေသတွေ ရွေးချယ်ဖို့ တပ်မတော်က ဇာတ်ညွှန်း တောင်းဆိုထားတာလည်း ရှိပါတယ်။

အရင်အစိုးရ လက်ထက်မှာ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ ဆောင်ရွက်ခဲ့ပေမယ့် လိုအပ်တဲ့ ငွေကြေး မပြည့်မီတာ၊ ပြီးပြည့်စုံတဲ့ အထောက်အပံ့တွေ မရခဲ့တာကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဇာတ်ညွှန်းရေးဆရာ ဦးမင်းထင်ကိုကိုကြီးက ပြောပါတယ်။

လက်ရှိ ဗိုလ်ချုပ် ရုပ်ရှင် ရိုက်ကူးရေးမှာတော့ အရင်က မရခဲ့ဖူးတဲ့ အထောက်အပံ့တွေ အများကြီးရခဲ့တယ်လို့ ဇာတ်ညွှန်းရေးဆရာက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး လုပ်ငန်းကော်မတီ ၆ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လာမယ့် သြဂုတ်လ ဒုတိယပတ်အတွင်း ကျင်းပမှာဖြစ်ပြီး ရိုက်ကူးရေးအတွက် စတင်ဖို့တွေ လုပ်မယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့် ကိုကျော်ကျော်မျိုးကို အင်္ဂလိပ်စာနဲ့ ဂျပန်ဘာသာစကား သင်ကြားပေးတာ၊ မြင်းစီးကျွမ်းကျင်ဖို့ သင်ကြားပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013