DVB Logo
Home
မြန်မာသတင်း
Seduno အထည်ချုပ်စက်ရုံလုပ်သားများ ရပိုင်ခွင့်အတွက် တိုင်ကြားမည်
DVB
·
July 2, 2018
Seduno အထည်ချုပ်စက်ရုံလုပ်သားများ ရပိုင်ခွင့်အတွက် တိုင်ကြားမည်
Donate to DVB

ရန်ကုန်- လှိုင်သာယာမြို့နယ်က ပိတ်သိမ်းလိုက်တဲ့ Seduno အထည်ချုပ်စက်ရုံကို အလုပ်သမားတွေစုပြီး အလုပ်ခန့်စာချုပ်နဲ့ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေတွေနဲ့ အညီ တိုင်ကြားသွားမယ်လို့ Seduno အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဒေါ်ခင်ပပလှိုင်က ပြောပါတယ်။

Seduno အထည်ချုပ်စက်ရုံဟာ ကုန်ထုတ်လုပ်မှု အထွက်နည်းတာ၊ အချိန်မီ Export မလုပ်နိုင်တာ၊ စက်ရုံငှားရမ်းခ ကြီးမြင့်တာနဲ့ အနည်းဆုံးလုပ်ခလစာ တိုးမြင့်လာတာတွေ ကြောင့် စက်ရုံအနေနဲ့ ဆက်လက် ရပ်တည်နိုင်ဖို့ ခက်ခဲလာတဲ့အတွက် ဇူလိုင်လ ၁ ရက်က စတင် ပိတ်သိမ်းလိုက်ပြီး အလုပ်သမားတွေအတွက် ဥပဒေပါ နစ်နာကြေးတွေကို ဇွန်လ ၃၀ ရက်နေ့ကစပြီး ထုတ်ပေးမယ်လို့  ကြေညာခဲ့ပါတယ်။

Seduno အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်ခင်ပပလှိုင်က “စက်ရုံပိတ်မယ်ဆိုတာကို ကြိုတင်မကြေညာဘူး။ ဒါဟာ ဥပဒေနဲ့ မညီပါဘူး။ အဲဒီ့အတွက် ကျမတို့ အလုပ်သမား ၁၀၀ လောက် စုပေါင်းပြီး EC စာချုပ်၊ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေတွေနဲ့ သက်ဆိုင်ရာ အလုပ်သမားရုံးတွေမှာ တိုင်ကြားဖို့ စီစဉ်နေပါတယ်” လို့ ပြောပါတယ်။

အခုလို စက်ရုံပိတ်သိမ်းလိုက်တဲ့ အတွက် အလုပ်သမား ၄၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်သွားတယ်လို့ သိရပါတယ်။

ဒေါ်ခင်ပပလှိုင်က “သူတို့လစာနဲ့ နစ်နာကြေးပေးတာကို ယူတဲ့သူတွေ ရှိသလို မယူကြတာလဲ ရှိတယ်။ ကျမတို့ က ဥပဒေအတိုင်းပဲ ဆက်လုပ်မယ်”လို့ ဆိုပါတယ်။

Seduno (Myanmar) အထည်စက်ရုံဟာ ၂၀၁၅ခုနှစ် နိုဝင်ဘာလက စက်ရုံ စတင်လည်ပတ်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013