DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် မိုးသည်းရေကြီးပြီး လမ်းပြတ်တောက်နေ
DVB
·
July 2, 2018
ဖားကန့်တွင် မိုးသည်းရေကြီးပြီး လမ်းပြတ်တောက်နေ
1 / 4
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်၊ လုံးခင်းဒေသဘက်မှာ မိုးဆက်တိုက်ရွာလို့ ရေကြီးနေပြီး မိုးကောင်းနဲ့ ကာမိုင်းဘက်ကိုသွားတဲ့ လမ်းပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်လောက် ဆက်တိုက်မိုးရွာခဲ့ပြီး ဒီနေ့မနက်မှာ ရေတွေ ပိုတက်လာတာလို့ ဒေသခံ ဦးကျော်ဝေကပြောပါတယ်။

“ရပ်ကွက် ၃ နဲ့ ၄ က လုံးဝ မြုပ်နေပြီ။ အောက်ဈေးဘက်၊ ရပ်ကွက် ၅ မှာတော့ နည်းနည်း မနစ်တာ ရှိတယ်။ ညဘက်တွေ မိုးရွာတာ ၃ ရက်လောက်ရှိနေပြီ”

ဒီနေ့ မနက် ၉ နာရီခွဲလောက်ကစပြီး ရေပိုတက်လာသလို မနက် ၁၁ နာရီကျော် လောက်မှာ ဥရုချောင်းတံတားပေါ်ကိုပါ ရေကျော်ပြီး အမှိုက်တွေ ရှင်းနေရတယ်လို့ ဒေသခံ ဦးတင်စိုးက ပြောပါတယ်။

“လုံးခင်းမှာက ဥရုချောင်းကို ဖြတ်ထားတဲ့ တံတား နှစ်စင်းရှိတယ်။ တံတားသစ်နဲ့ ဘေလီတံတားရှိတယ်။ အဲဒီ ဘေလီတံတားမှာ ရေကျော်နေတယ်။ ဒီတံတားက  အဓိကအားဖြင်တော့ လုံးခင်း အ.ထ.ကကိုသွားတဲ့ ချောင်းကူးတဲ့တံတားပေါ့။ တဘက်မှာလည်းပဲ ကျောက်စိမ်းရုံးရှိတယ်။ တဘက်မှာ ငြိမ်းချမ်းသာယာရပ်ကွက်၊ မလိုင်ရပ်ကွက်တွေရှိတယ်။ အဲဒီကိုဆက်သွယ်ပေးတဲ့တံတား။ အခုတံတားပေါ် တော်တော်လေးကိုရေကျော်နေပြီးတော့မှ ချောင်းထဲက ပါလာတဲ့ ဒိုက်တွေ၊ အမှိုက်ေတွ၊  သစ်တုံးတွေ စသည်ဖြင့် လာငြိတဲ့အတွက် အခု ကျနော်တို့ဒီမှာ မီးသတ်တပ်ဖွဲ၊ အရံမီသတ်၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေ အုပ်ချုပ်ရေးအဖွဲ့တွေပေါင်းပြီးတော့ တံတားမှာ လာငြိနေတဲ့ဟာကို ရှင်းလင်းနေကြတယ်။”

တံတားပေါ်က ရေကျော်ပြီး အမှိုက်တွေပါလာလို့ ရေစီးအားဒဏ်မခံရအောင် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက အမှိုက်တွေကို ဖယ်ရှားနေကြပါတယ်။

ဖားကန့်ဒေသမှာ ၂ဝဝဝ၊ ၂ဝဝ၃ ခုနှစ်လောက်က တကြိမ် ရေကြီးမှုဖြစ်ပွားခဲ့ဖူးပါတယ်။

ဓာတ်ပုံ - phoe pwar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013