DVB Logo
Home
မြန်မာသတင်း
ထိုင်းရုပ်ရှင်ပွဲတော်တွင် From Bangkok t၀ Mandalay အပါအဝင် ရုပ်ရှင် ၄ ကားပြမည်
DVB
·
July 2, 2018
ထိုင်းရုပ်ရှင်ပွဲတော်တွင် From Bangkok t၀ Mandalay အပါအဝင် ရုပ်ရှင် ၄ ကားပြမည်
Donate to DVB

ထိုင်းရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့၊ Junction City မှာ ဇူလိုင် ၆ ရက်က စတင် ပြီး ၃ ရက်တာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီပွဲတော်မှာ နာမည်ကြီး မြန်မာသရုပ်ဆောင်တွေရော၊ ထိုင်းသရုပ်ဆောင်တွေပါ ပါဝင်တဲ့ From Bangkok to Mandalay ရုပ်ရှင်ကား အပါအဝင် ကမ္ဘာကျော် ထိုင်းရုပ်ရှင်ကား ၄ ကားကို တစုတစည်းတည်း ပြသသွားမှာ ဖြစ်ပါတယ်။

From Bangkok to Mandalay ရုပ်ရှင်ကားမှာတော့ မြန်မာ နာမည်ကြီးသရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ နေတိုး၊ ဝတ်မှုန်ရွှေရည်၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ထိုင်းသရုပ်ဆောင် မင်းသမီး Pilaiporn Supinchompoo က တွဲဖက်ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

တခြားပြသမယ့် ရုပ်ရှင်ကားတွေကတော့ မြန်မာပရိသတ်တွေ သိကြပြီးဖြစ်တဲ့ Pee-Mak, Bad Genius နဲ့ Die Tomorrow ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။

ကြည့်ရှုလိုသူတွေအနေနဲ့ အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ကာ ထိုင်ခုံတွေကို ဦးရာလူစနစ်နဲ့ ရုပ်ရှင်မပြမီ လက်မှတ်ကြိုတင်ထုတ်ယူစနစ်နဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

တရက်ကို ၄ ကြိမ်ပြသမယ့် ပွဲချိန်ဇယားတွေကိုတော့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

Photo : Royal Thai Embassy, Yangon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013