DVB Logo
Home
မြန်မာသတင်း
အတိုးနှုန်းမြင့်မှုကြောင့် ရန္တပို​ အိုးလုပ်ငန်းရှင်များ အခက်ကြုံ
DVB
·
July 2, 2018
အတိုးနှုန်းမြင့်မှုကြောင့် ရန္တပို​ အိုးလုပ်ငန်းရှင်များ အခက်ကြုံ
1 / 5
Donate to DVB

အိုးလုပ်​ငန်းကို အဓိကထားလုပ်​ကိုင်​​နေတဲ့ မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​ ရန္တပို​ ကျေးရွာသားတွေဟာ သမဝါယမအသင်းစုနဲ့ အခြား​​ငွေ​ချေးဌာနတွေ အပါအဝင်​၊ ​ချေး​ငွေ ထုတ်​​ချေး​ပေး​နေရာမှာ အတိုးနှုန်းမြင့်မှု​ကြောင့် အခက်​တွေ့​နေပြီး အစိုးရအ​နေနဲ့ နှစ်​ရှည်​​ချေး​ငွေ ပေး​စေချင်​တယ်​လို့ ​​အိုးလုပ်​ငန်းလုပ်​ကိုင်​တဲ့ ​ဒေါ်မြင့်နွယ်​က ​ပြောပါတယ်​။

“ရွာမှာ အိုးသမဆိုပြီး​ငွေ​ချေးတဲ့ အဖွဲ့ရှိတယ်​။ ​ချေးတဲ့​နေရာမှာလည်း ၃ လ တ​ကြိမ်​ဆပ်​၊ ၆ လ တ​ကြိမ်​ဆပ်​ဆိုတော့ ​ငွေလည်​ပတ်​မှုက မရှိ​တော့ဘူး။ ခဏပဲသုံးရပြီး အရင်း​​ရော အတိုးပါ ​ပေါင်းဆပ်​​နေရ​တော့ လုပ်​ငန်းလည်​ပတ်​နိုင်​မှုမရှိ​တော့ အဆင်​မ​ပြေဘူး​ပေါ့။ ပြီး​တော့ အတိုးနှုန်း ကလည်း များတာဆို​တော့ ​ကျေးရွာလူ​တွေ အခက်​အခဲအများကြီးကြုံ​နေရတယ်​၊ အစိုးရက​နေ နှစ်​ရှည်​​ချေး​ငွေထုတ်​​ပေးသွား​စေချင်​တယ်။”

ရန္တပို​ကျေးရွာမှာ ရန္တပို (အိုးထုတ်​ကုန်​) ​ငွေစု ​ငွေ​ချေးသမဝါယမအသင်း လီမိတက်​ကို ဖွင့်လှစ်​ထားခဲ့ကာ ၁၅ ရက်​ဆပ်​၊ ၃ လဆပ်နဲ့ ၆ လဆပ်​နဲ့ ​​ချေး​ငွေထုတ်​​ချေး​ ပေး​နေတာပါ။

ရန္တပို​ငွေစု​ငွေ​ချေး သမဝါယမအသင်း ဥက္ကဋ္ဌဖြစ်​တဲ့ ဦးမြတ်​စိုးက “ဒီ​ချေး​ငွေလုပ်​ငန်းဟာ တိုင်း​ဒေသကြီးရဲ့ စီမံချက်​လို့​ပြောပါတယ်​။ မြင်းခြံမြို့နယ်​ သမဝါယမအသင်းစုက​နေ ​ငွေ​ချေး တာပါ။ ​ချေးတဲ့​နေရာမှာ ရိုးရိုးကုန်​ထုတ်​​ချေး​ငွေကို အတိုးနှုန်း ၁ ကျပ်​ ၅၀ ပြား၊ အိုး​ ရောင်းဝယ်​​ရေးကို အတိုးနှုန်း ၈ ကျပ်​ ၃၀ ပြား ​နှင့်​ ​မြေရှိ / မရှိ ကို ၁ ကျပ် ၅၀ပြား၊ ဆိုပြီး ​ချေး​ပေး တယ်​။ ​ချေးတဲ့​နေရာမှာလည်း နှစ်​ရှည်​မ​ချေးဘူး၊ လအလိုက်​ပဲ​ချေး​ပေးတယ်​။ ပြန်​ဆပ်​တဲ့ ​နေရာမှာ သတ်​မှတ်​ထားတဲ့လ​တွေကို အတိုး​ရောအရင်းပါ အားလုံး ပြန်​ဆပ်​ခိုင်းတယ်” ​လို့ ဒီဗွီဘီကို ​ပြောပါတယ်​။

အိုးလုပ်​ငန်း​တွေ လုပ်​ကိုင်​​နေတဲ့ ရန္တပို​ကျေးရွာကို မြင်းခြံမြို့နယ်​ သမဝါယမအသင်းစု ​ချေး​ငွေအဖွဲ့၊ Exim Bank (China) ​ချေး​ငွေအဖွဲ့၊ ပက်​မြန်​မာ​ချေး​ငွေအဖွဲနဲ့ ပညာ​ရေး​ ဖောင်​​ဒေးရှင်း ​ချေး​ငွေအဖွဲ့ ဆိုပြီး ​ငွေ​ချေး​နေတဲ့ အဖွဲ့တွေရှိကာ၊ အစိုးရမှ စိုက်​ပျိုး​ရေးလုပ်​ငန်း အတွက်​ ​ချေး​ပေး​နေ​တဲ့ စိုက်​ဘဏ်​​ချေး​ငွေတွေကိုလည်း ​ချေးယူသုံးစွဲ​နေရတာလည်း ဖြစ်​ပါ တယ်။ ​ချေးယူပြီး အချိန်​တိုကာလအတွင်း အတိုးအရင်းပါ ဆပ်​​နေရတဲ့အတွက်​ အခက်​အခဲ အများကြီး ကြုံ​နေရတာလည်း ဖြစ်​ပါတယ်​။

ရန္တပို​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​စွာဝင်း က “ကျ​နော်​တို့ရွာမှာ ​ငွေ​လာချေးတဲ့ အဖွဲ့​တွေ က အများကြီးရှိတယ်​။ ​ချေး​ပေးတဲ့​နေရာမှာလည်း အတိုးနှုန်းအမျိုးမျိုး​တွေနဲ့ ​ချေး​နေကြတာ၊ ပြီး​တော့ အချိန်​ကာလတို​လေး​ချေးတာဆို​တော့ အဆင်​မ​ပြေကြ​တော့ဘူး​ပေါ့။ အစိုးရအ​နေနဲ့ ​သေချာကွင်းဆင်း ​လေ့လာပြီး နှစ်​ရှည်​​ချေး​ငွေထုတ်​​ပေး​စေချင်​ပါတယ်​။ အခုဟာက ​ချေး​ငွေကို ထုတ်​ယူ​နေကြတာဟာ ခဏပဲအဆင်​​ပြေပြီး ကြာရင်​​ငွေတိုး​တွေနဲ့ အားလုံး ဒုက္ခ​ရောက်​သွား နိုင်​တယ်​”လို့ ဆိုပါတယ်​။

ရန္တပို​ကျေးရွာဟာ အိမ်​​ခြေ ၂၄၀ ရှိပြီး လူဦး​ရေ ၁၀၀၀ ​ကျော်​​နေထိုင်​ကာ အသက်​​မွေး ဝမ်း​ကြောင်း လုပ်​ငန်းဖြစ်​တဲ့ အိုးလုပ်​ငန်းကို အဓိကထား လုပ်​ကိုင်​​နေတဲ့ ​ကျေးရွာတ​ရွာလည်း ဖြစ်​ပါတယ်​။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013