DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာအရေး မြန်မာကို ပိုမိုဖိအားပေးမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြော
DVB
·
July 2, 2018
ရိုဟင်ဂျာအရေး မြန်မာကို ပိုမိုဖိအားပေးမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြော
Donate to DVB

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မြန်မာကို ပိုမိုဖိအားပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်  အန်တိုနီယို ဂူတာရပ်စ်က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယွန်ကင်မ်နဲ့ အတူ ဇူလိုင် ၁ရက်နေ့က ဒါကာမြို့မှာ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနဲ့ တွေ့ ဆုံပြောကြားခဲ့တာပါ။

“ကျနော်တို့ မြန်မာအပေါ်ဆက်လက်ဖိအားပေးသွားမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ ဘာလုပ်သင့်သလဲဆိုတာ သူတို့တို့နားလည်အောင်လုပ်ဖို့ ကျနော်တို့ ဖိအားတွေပိုပေးဖို့ လိုအပ်တယ်” လို့ အတွင်းရေးမှူးချုပ်ကပြောပါတယ်။

ဒ့ါအပြင် ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချီးကျူးတဲ့ အကြောင်းလည်း မစ္စတာ ဂူတာရပ်စ်ကပြောပါတယ်။

“နယ်စပ်တွေအများကြီး ပိတ်ထားတဲ့ကမ္ဘာမှာ ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ သူတို့ရဲ့ နယ်စပ်ကိုဖွင့်ပေးခဲ့တယ်။ မြန်မာနိုင်ငံကလာတဲ့ အဖြစ်ဆိုးတွေနဲ့ တွေ့ကြုံခဲ့ရတဲ့ သူတို့ရဲ့ ညီအစ်ကို မာင်နှစ်မတွေကို လက်ခံထားခဲ့တယ်”လို့ပြောပါတယ်။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။

“ရိုဟင်ဂျာတွေကို လက်ခံထားခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာကြီးအတွက် ကြီးကျယ်မြင့်မြတ်တဲ့ အလုပ်တခုလုပ်ပေးခဲ့ပါတယ်။ ဒီအားထုတ်ကြိုးပမ်းမှုအတွက် ကျနော်တို့ ဘယ်လိုနည်းလမ်းနဲ့ဖြစ်ဖြစ် တတ်နိုင်သလောက် အားပေးကူညီသွားမယ်”လို့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ကင်မ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီချုပ် ရှိတ်ခ်ဟာဆီနာကတော့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ၁၉၇၇ ခုနှစ်ကတည်းက စတင်ဝင်ရောက်လာတာဖြစ်ပြီး ခုချိန်ထိ ရိုဟင်ဂျာ ၁ဒသမ၁သန်းကို ခိုလှုံခွင့်ပေးထားကာ ကျန်းမာရေးစောင့်ရှောင်မှု အပါအ၀င်  လူသားချင်းစာနာမှုအကူအညီနဲ့ တခြားအကူအညီတွေ ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာ တသိန်းလောက်ကို  ပိုမိုကောင်မွန်းတဲ့ နေစရာနေရာတွေနဲ့ ဘ၀ရှင်သန်နေထိုင်ဖို့ အခွင့်အလမ်းတွေရရှိစေဖို့ ကျွန်းတကျွန်းမှာ နေရာချထားဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့  မြန်မာအစိုးရ အကြား သဘောတူ လက်မှတ်ထိုးထားပြီးဖြစ်ပေမယ့် အကောင်အထည်ဖော်ဖို့အတွက် မြန်မာဘက်က ဘာမှလုပ်ဆောင်ခြင်းမရှိသေးဘူးလို့လည်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က ဝေဖန်ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာဘဏ်အကြီးအကဲတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဇူလိုင် ၁ရက်က စပြီး ပူးတွဲခရီးစဉ်အဖြစ် သွားရောက်နေတာဖြစ်ပြီး ဇူလိုင် ၂ရက်နေ့မှာ  ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်ရှိ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းကို သွားရောက်ကာ ဒုက္ခသည်တွေနဲ့ရော ကုလသမဂ္ဂ အမှုထမ်းတွေကိုပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီဒုက္ခသည်တွေအတွက် အသက်ကယ်ဆယ်ရေးအကူအညီ ရန်ပုံငွေ ဒေါ်လာ ၉၅၁ သန်း အလှူရှင်တွေထံကနေ ကုလမသဂ္ဂက တောင်းခံထားပြီး ကမ္ဘာ့ဘဏ်ကတော့ ဒေါ်လာ ဘီလီယံ တ၀က်နီးပါးလောက် ကူညီပေးမယ်လို့ ကြေညာထားပါတယ်။

ဓာတ်ပုံ-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013