DVB Logo
Home
မြန်မာသတင်း

ရပ်နားထားသည့် လွှတ်တော်အစည်းအဝေးများ ဇူလိုင် ၂၃ ရက်ပြန်စမည်

DVB
·
July 2, 2018
Donate to DVB

နဝမအကြိမ်မြောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့  ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွေကို လာမယ့် ဇူလိုင်၂၃ ရက်မှာ အသီးသီး ပြန်လည်စတင်ကျင်းပမယ်လို့ လွှတ်တော်နာယက က ကြေညာပါတယ်။

လွှတ်တော်အစည်းအဝေးတွေကို ဇူလိုင် ၂၃ ရက်၊ မနက် ၁ဝ နာရီမှာ ကျင်းပမှာဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဇူလိုင် ၂၁ ရက်ထက် မစော၊ ၂၂ ရက်ထက်နောက်မကျဘဲ သတင်းပို့ကြဖို့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဆောင်ရွက်နေပြီး ဖွဲ့စည်းပုံအရ လွှတ်တော်သက်တမ်း ထက်ဝက်မှာ နာယကတာဝန် လွှဲပြောင်းယူရဖို့ ရှိတာကြောင့် မကြာခင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ပြည်ထောင်စု လွှတ်တော်နာယက ဖြစ်လာဖို့ရှိပါတယ်။

ပြီးခဲ့တဲ့  ၈ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေကိုတော့ ဇွန်လ ၂၁ ရက်မှာ ပြီးဆုံးခဲ့လို့ လွှတ်တော်တွေ ခေတ္တရပ်ထားထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013