DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်း​မြို့​နယ် ​ညောင်ရင်း​ကျေး​ရွာသား​များ​ အဓမ္မ အလုပ်ခိုင်း​စေခံ​နေရ
DVB
·
July 11, 2012
သပိတ်ကျင်း​မြို့​နယ် ​ညောင်ရင်း​ကျေး​ရွာသား​များ​ အဓမ္မ အလုပ်ခိုင်း​စေခံ​နေရ
1 / 3
Donate to DVB

မန္တ​လေး​တိုင်း​၊​ ပြင်ဦး​လွင်ခရိုင်၊​ သပိတ်ကျင်း​မြို့​နယ်မှာရှိတဲ့​ ​ညောင်ရင်း​ကျေး​ရွာသား​တွေကို ဆည်​မြောင်း​တူး​ဖို့​ အတင်း​ အဓမ္မ အလုပ်​စေခိုင်း​နေပါတယ်။

သပိတ်ကျင်း​မြို့​နယ် စပါယ်နဂိုလ်​ကျေး​ရွာအုပ်စုထဲက ​ညောင်ရင်း​ကျေး​ရွာမှာ တည်​ဆောက်​နေတဲ့​ ဆည်အတွက် သပိတ်ကျင်း​ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ကတဆင့်​ ​ညောင်ရင်း​ကျေး​ရွာသား​တွေကို အဓမ္မလုပ်အား​ပေး​ ​စေခိုင်း​နေတာ ​ငွေ​ကြေး​ ​ကောက်ခံတာ​တွေ ပြုလုပ်​နေတယ်လို့​ ​ညောင်ရင်း​ ရွာသား​တဦး​က ​ပြောပါတယ်။

“ကျ​နော်တို့​ ​ကျေး​ရွာလူထု ဆင်း​ရဲ​နေတဲ့​ကြား​ထဲက တအိမ်ကို ၁၀ ​ပေ ပတ်လည်အမြင့်​ ၁၀ ​ပေ ၅ ​ခွေ ကျပါတယ်။ ​ခွေ​ပေး​ရပါတယ်။ လှည်း​အစီး​ ၇၀ ​ကျော်လိုက် တိုက်ရပါတယ်။ ခိုင်း​လည်း​ ခိုင်း​တယ်၊​ ပိုက်ဆံလည်း​ ​ကောက်တယ်ဗျ။ မ​ပေး​မ​နေရ၊​ မ​ပေး​ရင် ဒဏ်ရိုက်မယ်ဆိုပြီး​တော့​ အခုလက်​တွေ့​ ဒဏ်ရိုက်ခံရသူလည်း​ ရှိပါတယ်ခင်ဗျ။”

လက်ရှိ​ညောင်ရင်း​ကျေး​ရွာမှာ အိမ်​ထောင်စု ၁၁၉ စုရှိ​နေပြီး​ ဆည်​မြောင်း​ တူး​တဲ့​နေရာမှာ အတင်း​အဓမ္မ အလုပ်​စေခိုင်း​ခံရပြီး​ လုပ်အား​ပေး​မလိုက်ရင် တအိမ်ကို ဒဏ်​ငွေ ၅ ​ထောင်ကျပ် ဒဏ်ရိုက်မယ်လို့​ မြို့​နယ်နဲ့​ ရပ်ကွက် အာဏာပိုင်​တွေက ခြိမ်း​ခြောက်တယ်လို့​ ဆိုပါတယ်။

“ညဘက် တရွာလုံး​ကို လိုက်​အော်တယ်။ နက်ဖြန် မနက် လုပ်အား​ပေး​ကို မလိုက်နိုင်သူအာ်း​ ဒဏ်​ငွေ ငါး​ထောင်ရိုက်မယ်ဆိုတာ တရား​ဝင်​ကြေညာပြီး​ ည တုန်း​က ​အော်ခဲ့​ပါတယ်။”

အဓမ္မ အလုပ်​စေခိုင်း​မှုကို မ​ကျေနပ်တာ​ကြောင့်​ ​ကျေး​ရွာသူရွာသား​တွေ စု​ပေါင်း​ပြီး​ အပြည်ပြည်ဆိုင်ရာ အလုပ်သမား​အဖွဲ့​ချုပ် (အိုင်အယ်လ်အို) ကို ဇူလိုင် ၁၀ ရက်​နေ့​က တိုင်ကြား​ထား​ပါတယ်။ တိုင်ကြား​စာ မိတ္တူကို သမ္မတဦး​သိန်း​စိန်နဲ့​ လွှတ်​တော် အာဏာပိုင်အဆင့်​ဆင့်​၊​ မန္တ​လေး​တိုင်း​ ဝန်ကြီး​ချုပ် တို့​ကိုလည်း​ တင်ပြထား​ပါတယ်။


Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013