DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်ခံခဲ့ရသည့် သဗ္ဗညုဘုရားကြီးကို တရုတ်ဗိသုကာပညာရှင်များဖြင့် ပြုပြင်မည်
DVB
·
July 1, 2018
ငလျင်ဒဏ်ခံခဲ့ရသည့် သဗ္ဗညုဘုရားကြီးကို တရုတ်ဗိသုကာပညာရှင်များဖြင့် ပြုပြင်မည်
Donate to DVB

မြေငလျင်ဒဏ်ခံရတဲ့ သဗ္ဗညုဘုရားကြီးကို ခေတ်မီပစ္စည်းကိရိယာတွေနဲ့ စမ်းသပ်တဲ့အခါ အတွင်းကြေ ကြေသွားတာကြောင့် တရုတ်နိုင်ငံက ဗိသုကာပညာရှင်တွေနဲ့ အထူးပြုပြင် သွားမယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဒဏ်ကြောင့် ပုဂံဘုရားနဲ့ သာသနိကအဆောက်အအုံပေါင်း ၃၈၉ ဆူ ပျက်စီးခဲ့ရပါတယ်။

ရေနံချောင်းမြို့၊ ချောက်မြို့၊ ကျောက်ပန်းတောင်းမြို့နဲ့ မကွေးမြို့တွေမှာ စေတီပုထိုး ၁၀၀ လောက် ပျက်စီးခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာလည်း စေတီတွေပျက်စီးခဲ့ပါတယ်။

အဲဒီစေတီတွေကို ပြုပြင်ဖို့ နိုင်ငံတော်ရဲ့ငွေကို အသုံးမပြုဘဲ ပြည်သူတွေဆီက အလှူခံခဲ့ရာမှာ ပြင်ဆင်စရိတ်ထက်တောင် ကျော်လွန်နေတယ်လို့ ၀န်ကြီးက ပြောပါတယ်။

ပုဂံဒေသဘုရားတွေ ပြုပြင်ဖို့အပါအ၀င် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ စေတီပုထိုးတွေ ပြုပြင်ဖို့ ပြည်သူတွေရဲ့အလှူငွေဟာ ကျပ်သန်းပေါင်း ၅၀၀၀ ကျော်အပါအ၀င် အမေရိကန် ဒေါ်လာ ၁ သန်းကျော်ရရှိခဲ့တာကြောင့် ကုန်ကျငွေထက်ပိုနေတယ်လို့ သူရဦးအောင်ကိုက ပြောပါတယ်။

လက်ရှိအချိန်အထိ ပျက်စီးခဲ့တဲ့ စေတီပုထိုးပေါင်း ၆၀ ရာခိုင်းနှုန်းလောက်အထိ ပြင်ဆင် ထားပြီး ၂၀၂၀အတွင်း ၉၅ ရာခိုင်းနှုန်းလောက်ပြီးမယ်လို့ ဆိုပါတယ်။

ပြင်ဆင်ဖို့ ကျန်ရှိနေတဲ့ စေတီပုထိုး ၄၀ ရာခိုင်းနှုန်းဟာ ထုထည်ကြီးမားတဲ့ သဗ္ဗညု၊ ထီးလိုမင်းလိုဘုရား၊ စေတနာကြီးဘုရားနဲ့ စူဠာမဏိစတဲ့ ပုထိုးတော်ကြီးတွေသာ ကျန်ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013