DVB Logo
Home
မြန်မာသတင်း
ကလောတွင် ကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
July 1, 2018
ကလောတွင် ကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် ကလောမြို့နယ်မှာ မနေ့ ညနေပိုင်းက ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြား ကျပ်သိန်း ၈၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၉ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်လောက်က ကလောမြို့နယ်၊ ရေယားကျေးရွာ အနီး ကလော-သာစည်ကားလမ်းမှာ စိုင်းပန်း(ခ) အိုက်ပန်း (၂၆ နှစ်) မောင်းနှင်ပြီး ဆန်းကော (ခ) လုံးကော (၅၈ နှစ်) လိုက်ပါလာတဲ့ LANDCRUISER PRADO ကားကို  တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့ရာကနေ ဖမ်းဆီးမိခဲ့တာပါ။

ကားရဲ့ကြမ်းခင်းနဲ့ အံဝှက်အတွင်း သယ်ဆောင်လာတဲ့ ကျပ်သိန်း ၅,၂၅၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံးနဲ့ ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြား အပြား ၃ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

ယာဉ်မောင်း စိုင်းပန်းနဲ့ လိုက်ပါလာသူ ဆန်းကောတို့ကို ကလော မြို့မရဲစခန်း မူးယစ်(ပ)၂၈/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ နဲ့ အရေးယူထားပြီး ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဆောင်ရွက် နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013