DVB Logo
Home
မြန်မာသတင်း
Ve Ve အချိုရည်​ စက်​ရုံတွင် ဓာတ်လှေကားပြုတ်ကျ၊ ၈ ဦး ဒဏ်ရာရ
DVB
·
July 1, 2018
Ve Ve အချိုရည်​ စက်​ရုံတွင် ဓာတ်လှေကားပြုတ်ကျ၊ ၈ ဦး ဒဏ်ရာရ
Donate to DVB

မန္တ​လေတိုင်းဒေသကြီး၊ ပြည်​ကြီးတံခွန်​မြို့နယ်​ Ve Ve အချိုရည်​ စက်​ရုံမှာ ဇွန်​လ ၃၀ ရက်​​နေ့က ဓာတ်​​လှေကားပြုတ်​ကျခဲ့တဲ့အတွက် စက်​ရုံ အလုပ်​သမား ၈ ဦး မန္တ​လေးပြည်​သူ့​ဆေးရုံကြီးမှာ အ​ရေး​ပေါ်လူနာအဖြစ် ​​ဆေးကုသခံယူ​နေရပါတယ်​။

ဇွန်​လ ၃၀ ရက်​​နေ့ မနက်​ ၅ နာရီ​ကျော်​မှာ မစန္ဒာဝင်း၊ မအိရတနာမျိုး၊ မသန်းသန်းမိုး၊ မမြဉ္ဇူဝင်း၊ မစံပယ်၊​ မမာမာစိုး၊ မအိအိဖြိုး၊ မသန္တာဦး လုပ်​ငန်းခွင်​ဆင်း ​နေစဉ်​ ဓာတ်​​လှေခါးပြုတ်​ကျကျခဲ့ပြီး ခါးရိုးကျိုးဒဏ်​ရာရရှိသူ ၃ ဦးနဲ့အတူ ​ခြေ​ထောက်​ထိခိုက်​ဒဏ်​ရာရရှိသူ ၂ ဦးကို မန္တ​လေးပြည်​သူ့​ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ​​ဆေးကုသခံယူနေကြရပြီး ပွန်းပဲ့ ဒဏ်​ရရှိတဲ့ မစံပယ်၊ မသန္တာဦး၊ မအိအိဖြိုး တို့ ၃ ဦးဟာ အပြင်​​ဆေးခန်းမှာ ​ဆေးကုသမှု ခံယူ​နေကြရပါတယ်​။

မြန်​မာနိုင်​ငံ စက်​မှုလက်​မှု လုပ်​ငန်း​ပေါင်းစုံ အလုပ်​သမားသမဂ္ဂအဖွဲ့ချုပ်​ကတာဝန်​ရှိသူ ကိုမင်းငယ်​​ထွေးက “အခုလိုပြုတ်​ကျခဲ့လို့ ဒဏ်​ရာပြင်းပြင်းထန်​ထန်​ရရှိခဲ့တဲ့ ကျ​နော်​တို့ အလုပ်​သမားကို စက်​ရုံဘက်​က လျစ်​လျူရှုထားတယ်​။ တာဝန်​ခံမှု တာဝန်​ယူမှု လုံးဝမရှိဘူး။ ​သက်​ဆိုင်​ရာ အလုပ်​သမားဝန်​ကြီးဌာနနဲ့ အလုပ်​သက်​သမားထုနဲ့ဆိုင်​တဲ့ အဖွဲ့အစည်း​တွေ အ​နေနဲ့ ပစ်​မထားဘဲ ကူညီ​ပေးကြ​စေချင်​တယ်​။ အလုပ်​သမား​တွေဖြစ်​တဲ့ အမျိုးသမီး​တွေ အရမ်းနစ်​နာလို့ ဒုက္ခ​ရောက်​​နေကြတယ်​။ ဘဝ​တွေ ပျက်​ကြရ​တော့မယ်​၊ ​ခြေဖြတ်​ရမယ့်သူနဲ့ ခါးရိုးကျိုး​တဲ့ သူ​တွေရဲ့ဘဝဟာ မ​တွေးရဲစရာပါပဲ” လို့​ ပြောပါတယ်​။

ခါးရိုးကျိုးပြီး အာရုံ​ကျောထိခိုက်​တဲ့ မသန်းသန်​မိုးရဲ့ အစ်မဖြစ်​သူက​ “ကျမတို့ အလုပ်​သမား​တွေကို ​ဆေးရုံကလည်း ပါရာစီတ​မောတလုံးတိုက်​ထားပြီး အခုအချိန်​ထိ ဘာမှ စစ်​​ဆေးကုသ​ပေးတာ မရှိ​သေးဘူး။ ပြီး​တော့ ခါးရိုးကျိုးပြီး အာရုံ​ကျောထိသွားတဲ့သူ​တွေ ​​ခြေ​ထောက်​​တွေကျိုးလို့​ ကျောက်​ပတ်​တီးစီးထားရပြီး ​ခြေ​ထောက်​​တွေ ​ရောင်​ရမ်း​နေကြတဲ့ ကျမတို့ အလုပ်​သမား​တွေကို ​ဆေးရုံမှာ ၁ လလုံးလုံး ထားရမှာ​ဆိုတာ မဖြစ်​သင့်ဘူး။ အလုပ်​ရှင်​ဘက်​ကလည်း ကိုယ်​တိုင်​လာ​ရောက်​ကြည်​ဘရူပြီး နှစ်​သိမ့်အား​ပေး စကား​ပြောတာ မျိုး ခုချိန်​ထိ မရှိ​သေးဘူး။ ကျမတို့က​တော့ တက်စစ်​​ဆေးကုသ​ပေးမယ့် ဆေးရုံကိုဘဲ အမြန်​ဆုံး ​ပြောင်း​ရွှေ့ကုသ​ချင်​တယ်။ ဒီအတိုင်း ဆက်​ထားမယ်​၊ ပစ်​ထားမယ်​ဆိုရင်​ ကျမတို့က သက်​ဆိုင်​ရာကို တင်​ပြပြီး တရားစွဲဆိုသွားမယ်”​လို့ ပြောပါတယ်​။

Ve Ve အချိုရည်​ စက်​ရုံတာဝန်​ခံမန်​​နေဂျာ ကိုချမ်းငြိမ်းက “ကျ​နော်​တိုစက်​ရုံဘက်​က​တော့ အလုပ်​သမား​တွေကို ဖြစ်​ဖြစ်​ချင်း မန္တ​လေးပြည်​သူ့​ ဆေးရုံကို ပို့​ပေးခဲ့သလို ဆရာဝန်​ကြီးနဲ့ ​ဆေးရုံအုပ်​ကြီးရဲ့ လမ်းညွှန်​ချက်​အတိုင်း ကျ​နော်​တို့ အလုပ်​သမား​တွေကို ကုသ​ပေး​နေပါတယ်​။ ပြီး​တော့သူတို့ရဲ့ စားစရိတ်၊​ ကုသစရိတ်​ကိုလည်း လို​လေ​သေးမရှိ​အောင်​ ကူညီ​ပေးထားတယ်​” လို့ ​ ပြောပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013