DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ ရာဘာပေါင်းစက်ရုံအတွက် IEE လုပ်ဆောင်နေမှု ရှင်းလင်း
DVB
·
July 1, 2018
မြိတ်မြို့ ရာဘာပေါင်းစက်ရုံအတွက် IEE လုပ်ဆောင်နေမှု ရှင်းလင်း
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ပင်းအိုကျေးရွာအုပ်စု၊ ငါးအင်းကျေးရွာမှာ တည်ဆောက်ထားတဲ့ ခရမ့်ရာဘာပေါင်းစက်ရုံ စီမံကိန်းအသစ်အတွက် IEE လုပ်ဆောင်နေမှုအခြေနေနဲ့ ပတ်သက်လို့ ရှင်းလင်းပွဲကို ဇွန်လ ၃ဝ ရက်နေ့က ငါးအင်းရွာမှာ ပြုလုပ်ခဲ့ပါတယ်။

ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ဆေးခြင်း၊ အစီရင်ခံစာ IEE လုပ်ဆောင်နေမှုကို ပင်းအိုကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ ဖိတ်ကြားထားသူတွေကို ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး ထွက်ရှိလာနိုင်တဲ့ အနံ့ဆိုးတွေနဲ့ ရေဆိုးကိစ္စတွေကို ဒေသခံတချို့က မေးမြန်းဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

“ရာဘာစက်ရုံ ဒီမှာလာတည်ဆောက်လို့ ဝမ်းသာပါတယ်။ သယ်ယူပို့ဆောင်ရေးမှာ စရိတ်သက်သာမှာ ဖြစ်ပေမယ့် ကျနော်တို့ စိုးရိမ်တာက ကျန်းမာရေးကိစ္စပါ။ ရွာသူရွာသားတွေ ကျန်းမာရေးမကောင်းရင် အလုပ်လည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ အခုတင်ပြသွားတဲ့အထဲမှာ နွေရာသီနဲ့ ဆောင်းရာသီမှာ ဆောင်ရွက်မယ့် ကိစ္စတွေပဲပါတယ်။ မိုးရာသီမှာ ရေဆိုးတွေ ဘယ်လိုထုတ်လွတ်မလဲဆိုတဲ့အပိုင်း မပါဘူး။ အနံ့ဆိုးတွေကို ရာနှုန်းပြည့် ထိန်းချုပ်ပေးထားမှာ မဟုတ်ပါဘူး။ ၆ဝ ရာခိုင်နှုန်းကျော် ၇ဝ ရာခိုင်နှုန်းလောက်ပဲ ထိန်းထားနိုင်မှာပါ။ တကယ်လို့ ကျန်းမာရေး၊ လူမှုရေးတစုံတရာ သက်ရောက်မှုရှိလာရင် ကုမ္ပဏီဘက်က ရွာသားတွေအပေါ် တာဝန်ယူပေးရပါလိမ့်မယ်။ အနံ့အသက်နဲ့ ရေဆိုးတွေကို သေချာစွာ ထိန်းချုပ်ပေးထားဖို့ လိုမယ်” လို့ ငါးအင်းရွာသား ကိုစံသျှားက ပြောပါတယ်။

ကုမ္ပဏီဘက်က အနံ့သက်ဆိုးတွေ ထိန်းချုပ်မယ့် စက်တွေတည်ဆောက် ထားပြီးဖြစ်သလို ရေဆိုးတွေကိုလည်း သိုလှောင်သန့်စင်တဲ့ စနစ်တွေလုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

“ပတ်ဝန်းကျင် ပညာရှင်တွေကတော့ အနံ့ဆိုးတွေ၊ ရေဆိုးတွေကို ဘယ်လိုထိန်း သိမ်းရမလဲဆိုတာ တင်ပြဆွေးနွေးခဲ့ပြီးပါပြီ။ လုပ်ဆောင်ရမယ့် အပိုင်းတွေကိုလည်း ချပြပေးခဲ့ပြီးပါပြီ။ ဒါကိုအစဉ်ဆက်မပြတ် စောင့်ကြည့်ထိန်းကျောင်းသွားဖို့က ကုမ္ပဏီ၊ အစိုးရ၊ ပြည်သူတွေ လုပ်ဆောင်ရမှာပါ။ ကဏ္ဍအလိုက် အစဉ်ဆက်မပြတ် ထိန်းကျောင်း စောင့်ကြည့်သွားမယ်ဆိုရင် နိုင်ငံတော်ရဲ့စီးပွားရေး ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်သွားမယ်။ ဒေသရဲ့လူမှုစီးပွားရေးလည်း တိုးတက်သွားမယ်။ ရေဆိုးတွေ၊ လေတွေရဲ့ ညစ်ညမ်းမှုတွေကို သန့်စင်တဲ့ စက်တွေလည်း ခေတ်နဲ့အညီ ပေါ်ပေါက်လာပါပြီ။ နည်းစနစ်တွေလည်း ရှိလာပြီဖြစ်တဲ့အတွက် ဒါကိုလိုက်နာဆောင်ရွက်ကြမယ်ဆိုရင် ကျန်းမာရေးအရ သက်ရောက် မှုတွေလည်း မရှိလာနိုင်တော့ပါဘူး” လို့ တတိယအဖွဲ့အစည်းဖြစ်တဲ့ Myanmar Water Engineering & Products Co.,Ltd မှ ပတ်ဝန်းကျင်ပညာရှင် ဦးခင်မောင်ဝင်းက ပြောကြားခဲ့ပါတယ်။

ရာဘာပေါင်းစက်ရုံကို လာမယ့်ဇူလိုင်လအတွင်းမှာ စတင်လည်ပတ်မှာဖြစ်ပြီး ပတ်ဝန်းကျင်စစ်ဆေးခြင်း၊ စီမံကိန်းဆိုင်ရာ အချက်အလက်တွေကို ရှင်းလင်းတင်ပြမှုတွေကို စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013