DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံ လေ့လာသူအဖြစ် တက်ရောက်လိုသူများ အဆိုပြုလွှာ ပေးပို့နိုင်
DVB
·
July 1, 2018
၂၁ ရာစုပင်လုံ လေ့လာသူအဖြစ် တက်ရောက်လိုသူများ အဆိုပြုလွှာ ပေးပို့နိုင်
Donate to DVB

မကြာခင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးကို လေ့လာသူအဖြစ်တက်ရောက်နိုင်ပြီး အဆိုပြုလျှောက်လွှာတွေ ပေးပို့နိုင်တယ်လို့ နိုင်ငံပိုင် သတင်းစာတွေကနေ ကြေညာထားပြီး လိုက်နာရမယ့် စည်းကမ်းချက်တွေလည်း ပါဝင်ပါတယ်။

ဇူလိုင် ၁၁ ကနေ ၁၆ ရက်အထိ ပြုလုပ်မယ့် ညီလာခံကို တက်ရောက်လေ့လာနိုင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဖိတ်ခေါ်လိုက်တာပါ။

အရေအတွက်ကန့်သတ်ထားတဲ့အပြင် လေ့လာသူတွေအတွက် စည်းကမ်းတွေကိုလည်း လိုက်နာရမှာ ဖြစ်ပါတယ်။

လေ့လာသူအဖြစ်တက်ရောက်တဲ့သူတွေဟာ ဆွေးနွေးပွဲကျင်းပနေတုန်း ဝင်ရောက် ဆွေးနွေးတာ၊ ကြားဖြတ်ပြောတာ၊ အကြံပြုဆွေးနွေးတာတွေ လုပ်လို့မရသလို UPDJC အတွင်းရေးမှူးတွေရဲ့ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဆွေးနွေးတာတွေကို အသံဖမ်းတာ၊ ဗွီဒီယိုရိုက်တာတွေ လုပ်လို့မရပါဘူး။

ဒါ့အပြင် ညီလာခံမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြန်ပြီး ပြောဆို ရေးသားရာမှာ ဆွေးနွေးတဲ့ ကိုယ်စားလှယ်နဲ့ အဖွဲ့အစည်းတွေရဲ့ အမည်ကို မဖော်ပြ ရဘူးလို့လည်း သတ်မှတ် ထားပါတယ်။

ပြီးတော့ ခရီးစရိတ်နဲ့ တည်းခိုနေထိုင်စရိတ်တွေကိုလည်း ကိုယ့်ဘာသာကျခံရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေကို ဇူလိုင် ၄ ရက် နောက်ဆုံးထားပြီး ကော်မတီရဲ့ အီးမေးလ်လိပ်စာ [email protected] ကို ပေးပို့ရမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013